နေပြည်တော် အောက်တိုဘာ ၈
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ တာဝန်ပေးမှုဖြင့် မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စစ်ဆင်ရေး သုံးခုတို့ဖြင့် စက်တင်ဘာ ၁၁ ရက်မှ အောက်တိုဘာ ၆ ရက်အထိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။မန္တလေးတိုင်းဒေသကြီးအတွင်း ရတနာပုံ(၂) စစ်ဆင်ရေးဖြင့် ဖော်ထုတ်ဖမ်းဆီးရမိ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မူးယစ်တပ်ဖွဲ့စု (၁ဝ၂၊ ၁ဝ၃၊၁ဝ၄) နေပြည်တော်၊ မူးယစ်တပ်ဖွဲ့စု (၁၇၊၁၈) မန္တလေးနှင့် မူးယစ်တပ်ဖွဲ့စု (၁၆) ပြင်ဦးလွင်တို့မှ တပ်ဖွဲ့ဝင်များပါဝင်သော အဖွဲ့သည် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်း၊ ဖယ်ခုံဘက်မှ မန္တလေးတိုင်းဒေသကြီးကို ဖြတ်၍ ကချင် ပြည်နယ်သို့ ဝင်ရောက်မည့် ဘိန်းစိမ်းများကို လမ်းကြောင်းပိတ်ဆို့ဖော်ထုတ် ဖမ်းဆီးခြင်း၊ အိန္ဒိယနယ်စပ်မှ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ကို ဖြတ်၍ မန္တလေးတိုင်းဒေသကြီးအတွင်း ဝင်ရောက်ကာ ရှမ်းပြည်နယ် (မြောက်ပိုင်း)သို့ ဆူဒိုအက်ဖီဒရင်းဆေးပြားများသယ်ဆောင်သည့်ဂိုဏ်းအား ဖော်ထုတ် ဖမ်းဆီးခြင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်နှင့်ပြင်ဦးလွင် ခရိုင်များအတွင်း ရှောင်တခင် ဝင်ရောက်ဖမ်းဆီး ခြင်းနှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးရေးတို့ကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ဘိန်းဖြူ ၃၁ ဒသမ ၁၁ ဂရမ်၊ ဘိန်းစိမ်း ၁၂၅ ဒသမ ဝ၁၉ ကီလို၊ စိတ်ြ<ွကရူးသွပ်ဆေးပြား ၁၃ဝ၁၂၂ ပြား၊ ဘိန်းဆီရည် သုည ဒသမ ၄၉၅ လစ်တာ၊ ဘိန်းဆီခဲ ၆၈ ဒသမ ၇ ဂရမ်၊ အိုက်(စ်) ၁ ဒသမ ဝ၁၅၂ ကီလို၊ အက်စ် တက်စီ ၃၉၅၂ ပြား၊ အဆင့်နိမ့်ဘိန်း ၁၆ ဂရမ်၊ ဆေးခြောက် ၁၅ ဒသမ ၈၁၆၅ ကီလို၊အက်ဖီဒရင်း ၁၁ ဒသမ ၁ ကီလို၊ ကဖင်း ၆ ဒသမ ၃ဝ၄ ကီလို၊ ကတ်တမင်း ၉၂၁ ဂရမ်၊ ဆူဒိုအက်ဖီဒရင်းဆေးပြား ၄၃ ဒသမ ၄၈ သိန်း၊ ဆူဒိုအက်ဖီဒရင်း အကြေမှုန့် ၁၅ ဒသမ ၉ ကီလို(ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုး မြန်မာငွေကျပ်သိန်းပေါင်း ၁၈ဝ၅၄ ဒသမ ၆၆ သိန်း)၊ ပွိုင့်၂၂ လုပ်သေနတ် တစ်လက်၊ ယင်းကျည်ငါးတောင့်၊ လက်ကိုင် စကားပြောစက်တစ်လုံး၊ ဆိုင်ကယ် ၂၄ စီး၊ ကား ခုနစ်စီး၊ လက်ကိုင်ဖုန်း နှစ်လုံး၊ မူးယစ်ဆေးဝါးရောင်းဝယ်ငွေကျပ် ၃၇ ဒသမ ၂၄၉သိန်းတို့အား ဖမ်းဆီး၍ မူးယစ်ဆေးဝါး အမှုပေါင်း ၇၃ မှုအား သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများတွင် အမှုဖွင့် အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး တရားခံပေါင်း ၁၁၂ ဦးအား ဖမ်းဆီးအရေးယူနိုင်ခဲ့ကာ မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး ဟောပြောပွဲ (၄၆) ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူလူထု၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၇၁၂၃ ဦးကို အသိပညာပေးဟောပြောနိုင်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း ရာမညစစ်ဆင်ရေးဖြင့် ဖော်ထုတ်ဖမ်းဆီးရမိအလားတူ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ မူးယစ် တပ်ဖွဲ့စု(၁ဝ၂၊၁ဝ၃၊၁ဝ၄) နေပြည်တော်မှတပ်ဖွဲ့ဝင်များနှင့် မူးယစ်တပ်ဖွဲ့စု (၃၈)မော်လမြိုင်မှ တပ်ဖွဲ့ဝင်များပါဝင်သော အဖွဲ့သည် မွန်ပြည်နယ် မော်လမြိုင် ခရိုင် နယ်မြေအတွင်း အိုက်စ် သုည ဒသမ ၉ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၂၉ဝ ၊ ဆေးခြောက် သုည ဒသမ ၁၆၁၅ ဂရမ်၊ သေနတ် သုံးလက်၊ ကျည် ၃ဝ၉ တောင့်၊ ကျည်အိမ် ၁ဝ ခု၊ ဆိုင်ကယ် ၁၅ စီး၊ ကားနှစ်စီး၊ လက်ကိုင်ဖုန်း ၁၈ လုံး၊ မူးယစ်ဆေးဝါးရောင်းဝယ်ငွေ ၄၁ ဒသမ ၁၂၁ သိန်းတို့အား ဖမ်းဆီး၍ မူးယစ် ဆေးဝါးအမှုပေါင်း ၃၄ မှုကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများတွင် အမှုဖွင့် အရေးယူဆောင်ရွက်နိုင် ခဲ့ပြီး တရားခံပေါင်း ၄၈ ဦးအား ဖမ်းဆီးအရေးယူ နိုင်ခဲ့ကာ မူးယစ်ဆေးဝါးအန္တရာယ် အသိ ပညာပေးဟောပြောပွဲ (၂၈) ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူလူထု၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၇၇၃၆ ဦးအား အသိပညာပေး ဟောပြောနိုင်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း ဇွဲကပင်စစ်ဆင်ရေးဖြင့် ဖော်ထုတ်ဖမ်းဆီးရမိ
အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မူးယစ်တပ်ဖွဲ့စု (၁ဝ၂၊ ၁ဝ၃၊ ၁ဝ၄)နေပြည်တော်မှတပ်ဖွဲ့ဝင်များနှင့် မူးယစ်တပ်ဖွဲ့စု(၃၁)ဘားအံနှင့် မူးယစ်တပ်ဖွဲ့စု (၃၂)မြဝတီမှတပ်ဖွဲ့ဝင်များပါဝင်သော အဖွဲ့သည် ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့နယ် နယ်မြေ များအတွင်း ဘိန်းဖြူ ၇ ဒသမ ၇ ကီလို၊ အိုက်စ် ၂ ဒသမ ၂၅၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၂၆၆ ပြား၊ စိတ်ကြွဆေးပြားအကြေမှုန့် သုည ဒသမ ၂၅ ဂရမ်၊ ဆိုင်ကယ်လေးစီး၊ ကားနှစ်စီး၊ မူးယစ်ဆေးဝါးရောင်းဝယ်ငွေကျပ် ၁၅ ဒသမ ၃၂၅ သိန်းတို့အား ဖမ်းဆီး၍ မူးယစ်ဆေးဝါးအမှုပေါင်း ၂၄ မှု၊ တရားခံပေါင်း ၃၁ ဦးအား ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲ အကြိမ်(၂ဝ) ပြုလုပ်ခဲ့ရာ ပြည်သူလူထု၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၅၅၆ ဦးကို အသိပညာပေးဟောပြောနိုင်ခဲ့ကြောင်း သိရသည်။
စစ်ဆင်ရေးသုံးခုမှ ဖော်ထုတ်ဖမ်းဆီးအရေးယူမှု
မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး စစ်ဆင်ရေးသုံးခုတို့ဖြင့် ဘိန်းဖြူ ၇ ဒသမ ၇၃၁ ကီလို၊ ဘိန်း ၁၂၅ ဒသမ ဝ၁၉ ကီလို၊ စိတ်ြ<ွကရူးသွပ်ဆေးပြား ၁၃၇၆၇၈ ပြား၊ ဆေးခြောက် ၂၄ ဒသမ ၂၉၃ ကီလို၊ အိုက်စ် ၃ ဒသမ ၂၇၄ ကီလို၊ ဆူဒိုအက်ဖီဒရင်းဆေးပြား ၄၃ ဒသမ ၄၈ သိန်း၊ အက်ဖီဒရင်း ၁၅ ဒသမ ၉ ကီလို၊ ကဖင်း ၆ ဒသမ ၃ဝ၄ ကီလို၊ ကတ်တမင်း သုည ဒသမ ၉၂၁ ကီလို၊ အိုက်စ် ၃ ဒသမ ၂၇၄ ကီလို၊ အက်စ်တက်စီဆေးပြား ၃၉၅၂ ပြား(ဖမ်းဆီးရမိ မူးယစ် ဆေးဝါးများ၏ စုစုပေါင်းကာလတန်ဖိုးငွေကျပ် သိန်းပေါင်း ၂၇၇ဝ၁ ဒသမ ၂၉ သိန်း)၊ ဆိုင်ကယ် ၄၃ စီး၊ ကား ၁၁ စီး၊ မူးယစ်ဆေးဝါးရောင်းဝယ်ငွေ ၉၃ ဒသမ ၆၉၅ သိန်းတို့အား သိမ်းဆည်းရမိသည်။ မူးယစ်ဆေးဝါးအမှုပေါင်း ၁၃၁ မှု၊ တရားခံ ၁၉၁ ဦးတို့အား ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ (၉၄) ကြိမ်ပြုလုပ်ခဲ့ရာ ပြည်သူ လူထု၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၉၄၁၅ ဦးတို့အား အသိပညာပေးဟောပြောနိုင်ခဲ့ကြောင်း သိရသည်။

0 comments:
Post a Comment