Thursday, October 9, 2014

လူမျိုးရေးခွဲခြားမှုကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကို တာဝန်မှ ၆ လ ပိတ်ပင်

 
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်

အီတလီနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ကားလိုစ်တာဗက်ခီယိုကို လူမျိုးရေး ခွဲခြားမှု မှတ်ချက် စကား ပြောကြားခဲ့တဲ့အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်က တာဝန်ကနေ ၆ လ တားမြစ်ပိတ်ပင် လိုက်ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လက ဘောလုံး အဖွဲ့ချုပ် ရွေးကောက်ပွဲကာလမှာ နိုင်ငံခြားကစားသမားတွေ အကြောင်း ဆွေးနွေးရာမှာ ငှက်ပျောသီး စားတဲ့သူတွေအဖြစ် ညွှန်းဆိုခဲ့တာကြောင့် အခုလို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

ဒီပိတ်ပင်မှုကြောင့် ဥရောပဘောလုံးသမဂ္ဂအဖွဲ့ချုပ်ရဲ့ ဘယ်လို တာဝန်ကိုမဆို သူက တာဝန်ယူနိုင်တော့မှာ မဟုတ်သလို ၂၀၁၅ မတ်မှာ ကျင်းပမယ့် ဥရောပ ဘောလုံးသမဂ္ဂအဖွဲ့ချုပ် ကွန်ဂရက်မှာလည်း ၀င်ရောက်နိုင်မှာ မဟုတ်တော့ပါဘူး။

ဒါအပြင် ဥရောပလူငယ်ဘောလုံးအဖွဲ့ချုပ်နဲ့ အပျော်တမ်းဘောလုံးကော်မတီမှာလည်း သူရဲ့ တာဝန်တွေကို ရပ်ဆိုင်းရမှာ ဖြစ်ပါတယ်။

ဒီမှတ်ချက်အတွက် နောက်ပိုင်းမှာ သူက ပြန်လည်တောင်းပန်ခဲ့ပါတယ်။ သြဂုတ်လမှာ အေစီမီလန် ကစားသမား ဒီမက်တီယို အယ်ဘာတီနီကို အနိုင်ရပြီး တာဗက်ခီယိုက ဥက္ကဋ္ဌ ရာထူးကို ရရှိခဲ့တာ ဖြစ်ပါတယ်။

တာဗက်ခီယိုကို ခန့်အပ်မှုနဲ့ပတ်သက်ပြီး နိုင်ဂျီးရီးယားနဲ့ ဂျူဗင်တပ်ကစားသမားတွေက ဘောလုံးအတွက် အမှောင်နေရာကို ရောက်ပြီးဆိုပြီး ပြောဆိုပါတယ်။
DVB

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...