Wednesday, October 1, 2014

Tablet နဲ့ Notebook အဖြစ်ပါ အသုံးပြုနိုင်မယ့် Lenovo ရဲ့ Hybrid နည်းပညာ Chromebook


Lenovo ဟာ Touch Screen နဲ့ Tablet အဖြစ်အသုံးပြုနိုင်သလို Keyboard နဲ့ Notebook အဖြစ်ပါအသုံးပြုနိုင်မယ့် N20p လို့အမည်ပေးထားတဲ့ Hybrid နည်းပညာနဲ့ Chromebook တစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။
၁၁ လက်မကျယ်ဝန်းတဲ့ မျက်နှာပြင်ရဲ့ကျောဘက်မှာ မီးခိုးရောင် အဖုံးပေါ်မှာ Lenovo နဲ့ Chrome တံဆိပ်ကို တပ်ဆင်ထားပါတယ်။ 1366 x 768 ကြည်လင်ပြတ်သားမှုကိုပေးစွမ်းနိုင်ပါတယ်။ CPU ကတော့ 2.16 GHz ရှိတဲ့ Intel ရဲ့ Celeron N2830 ကို သုံးထားပါတယ်။ ချိတ်ဆက်မှုစနစ် ကတော့ 802.11 ac ဖြစ်ပါတယ်။ ဘက်ထရီ သက်တမ်းကလည်း ကောင်းမွန်ပြီး ဗီဒီယို အတွက် Micro HDMI ပါဝင်ပါတယ်။ စတီရီယို စပီကာကို ထည့်သွင်းပေးထားပြီး USB 3.0 တစ်ခု ၊ 2.0 နှစ်ခု နဲ့ SD Card Reader လည်းပါဝင်ပါတယ်။ Wi-Fi , Bluetooth တို့ကိုလည်း အခြား Chromebook များကဲ့သို့ပါဝင်မှာဖြစ်ပါတယ်။

Touch Screen အဖြစ်အသုံးပြုချိန်မှာ စာမျက်နှာ အပေါ်အောက် ရွှေ့ပြောင်းရင် လက်နှစ်ချောင်းနဲ့ ကွန်ပျူတာမောက်စ်ရဲ့ အလယ်က ဘီးလုံးလေးလှည့်သလိုပဲ လွယ်ကူစွာ သုံးနိုင်ပြီး ထိခြင်းအားဖြင်းလည်း Right Click ရဲက လုပ်ဆောင်ချက်ကိုရရှိမှာဖြစ်ပါတယ်။

သူ့ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၃၃၀ ကနေ စတင်ပြီး အစားစားရှိတယ်လို့သိရပါတယ်။

Ref:cnet.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...