ဒိုင်လူကြီးကို ရန်ပြုပြီးနောက် ဘောလုံးကွင်းအတွင်းတွေ့ရစဉ် (ဓာတ်ပုံ−စိုးမင်းလွင်_)
Thursday, October 2, 2014
မန္တလေးမြို့တွင် ကျင်းပနေသည့် တိုင်းဒေသကြီးနှင့် ပြည် နယ် အသက်(၂၂)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲပွဲစဉ် တစ်ခု၌ ဖြစ်ပွားခဲ့သည့် ကွင်း လယ်ဒိုင်လူကြီးအားကစားသမား နှင့် နည်းပြများက ထိုးကြိတ်ကန် ကျောက်သည့်ဖြစ်စဉ်အပေါ် ခွင့်လွှတ်ကျေအေးပေးမည်ဟု ကာယကံရှင် ဒိုင်လူကြီး ဦးဇော်ဇော်က ပြောသည်။
ဒိုင်လူကြီးအားထိုးကြိတ်သူ များကို အားကစားအဖွဲ့ချုပ်က ပြစ်ဒဏ်များချမှတ်ခဲ့သည့်အပြင် အ ပြင်းအထန် နာကျင်စေရန် လုပ် ဆောင်ခြင်းတို့အတွက် ကျူးလွန် သူများအား တရားဥပဒေကြောင်း အရ တရားစွဲဆို အရေးယူနိုင်သည် ဟု ခုံသမာဓိအဖွဲ့က ဆုံးဖြတ်ခဲ့ သည်။ သို့သော်လည်း ၎င်းပြိုင်ပွဲ အား ကိုင်တွယ်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ပေး အပ်ခံရသည့် ဒိုင်လူကြီး ဦးဇော်ဇော်က ထပ်မံတရားစွဲသွားမည် မဟုတ်ဘဲ ခွင့်လွှတ်ကျေအေးပေး မည်ဖြစ်သည်။
‘‘ကိုယ့်အသားထိလာတော့ မခံနိုင်ဘူးပေါ့။ ပထမတော့ တရားစွဲဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမဲ့ သူတို့ ဘက်ကလည်း လာတောင်း ပန်တယ်။ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ကလည်း ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ချမှတ်လိုက်တော့ အခုတရားစွဲမယ့်အစီအစဉ် ရုပ်သိမ်းလိုက်တယ်။ ကျွန်တော် ကိုယ်တိုင်လည်း ကစားသမား ဘ၀ကနေမှ ဒိုင်လူကြီးဖြစ်လာ တာဆိုတော့ ကလေးတွေကိုလည်း ကိုယ်ချင်းစာမိပါတယ်။ ကလေး တွေကို ကိုယ်ချင်းစာလို့ တရားမစွဲ တော့ပါဘူး။ ခွင့်လွှတ်ကျေအေး ပေးလိုက်ပါတယ်’’ဟု ဒိုင်လူကြီး ဦးဇော်ဇော်က ပြောသည်။
စက်တင်ဘာ ၂၉ ရက်က မန္တလေးမြို့ မန္တလာသီရိအားက စားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ သည့် စစ်ကိုင်းတိုင်းဒေသကြီး ဘောလုံးအသင်းနှင့် မကွေးတိုင်း ဒေသကြီးဘောလုံးအသင်းတို့ အ ကြိုဗိုလ်လုပွဲတွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များအပေါ် မကျေနပ်၍ စစ်ကိုင်းတိုင်းဒေသကြီး ဘောလုံးအသင်းနည်းပြနှင့် အသင်းခေါင်းဆောင် အပါအ၀င် ကစားသမားများက ကွင်းလယ်ဒိုင်လူကြီး ဦးဇော်ဇော်အား ဘောလုံး ကွင်းအတွင်းမှာပင် ၀ိုင်းဝန်းထိုး ကြိတ်ကန်ကျောက်ခဲ့ကြခြင်းဖြစ်သည်။ ကွင်းလယ်ဒိုင်မှာ မူးဝေလဲကျ သွားခဲ့ပြီး ဆေးရုံသို့ တင်ပို့ခဲ့ရ သည်ဟုဆိုသည်။
ယင်းဖြစ်စဉ်အတွက် စစ်ကိုင်းတိုင်းဘောလုံးအသင်းမှ ကစား သမား (၈)ဦး၊ အသင်းနည်းပြ (၂)ဦးနှင့် အသင်းအုပ်ချုပ်သူတို့ကို ရာသက်ပန်ပွဲပယ်ပြစ်ဒဏ်များချ မှတ်ခဲ့ပြီး မကွေးတိုင်းအသင်းအား အနိုင်ပေးခဲ့ သလို စစ်ကိုင်းတိုင်း အသင်းကို ပြိုင်ပွဲမှ ထုတ်ပယ်ခဲ့ သည်ဟု ပြိုင်ပွဲကျင်းပရေးလုပ် ငန်းကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကျန်းမာ ရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်က ပြောသည်။
မန္တလေးတိုင်းဒေသကြီး ၀န် ကြီးချုပ် ဖိတ်ခေါ်ဖလားတိုင်းဒေ သကြီးနှင့် ပြည်နယ်အသက် (၂၂)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို အောက်တိုဘာ ၅ ရက်မွန်းလွဲ ၃နာရီတွင် မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ ဆက်လက်ကျင်းပမည်ဟု ပြပွဲ ကျင်းပရေးကော်မတီမှ သတင်းရ ရှိသည်
7Day Daily

0 comments:
Post a Comment