Monday, October 27, 2014

ဒေသခံများအား မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသည်ဟု စွပ်စွဲကာ TNLA အဖွဲ့ငွေကြေးတောင်းခံ


 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ တုံးကြီးကျေးရွာနှင့် လွယ်မောက်ကျေးရွာအနီးဝန်းကျင်တွင် လှုပ်ရှားနေသော တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့သည် ဒေသခံများ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသည် ဟု စွပ်စွဲကာ အောက်တိုဘာ ၂၃ ရက်နေ့၌   ငွေများတောင်းခံ သွားကြောင်း သတင်းရရှိ သည်။

အဆိုပါအဖွဲ့သည် ည ၁၁ နာရီချိန်ခန့်တွင် ပင်ရှားစေကျေးရွာ အတွင်းသို့ ၀င်ရောက်လာပြီး ရွာသား ၃ ဦးထံမှ ငွေများ တောင်းခံသွားခြင်းဖြစ်ကြောင်း ယင်းရွာခံတစ်ဦးကပြောသည်။

“မူးယစ်ဆေးဝါး ရောင်းလို့ဆိုပြီး အိမ်ပေါ်ထိ တက်ရှာကြတာ၊ ဒါပေမယ့် ဘာမူးယစ်ဆေးဝါးမှ မတွေ့ဘူး၊ ဖမ်းခေါ်သွား မယ်ဆိုပြီး   သေနတ်တွေနဲ့ချိန်လို့   ကြောက်အားလန့်အားနဲ့   ငွေပေးလိုက်ရတာလို့   ပြောတာပဲ”ဟု မျက်မြင်ရွာသား တစ်ဦးက ပြောသည်။

TNLA အဖွဲ့၏ မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု စွပ်စွဲခြိမ်းခြောက်ငွေတောင်းမှုကြောင့် အဆိုပါကျေးရွာနေ ဦးစိုင်းလုံ သည် ငွေ ၂၀၀၀၀၀ ကျပ်ပေးဆောင်လိုက်ရကြောင်းသိရသည်။

“ကောင်းလေးနှစ်ယောက်ကိုလည်း မူးယစ်ဆေးသုံးတယ်ဆိုပြီး ငွေတောင်းသွားတယ်၊ ဘာအထောက်အထားမှ မရှိပေမယ့် ကြောက်တော့ပေးလိုက်ရတာပေါ့၊ ညအချိန်မတော်ဆိုတော့ ကယ်မယ့်လူလည်းမရှိဘူးလေ”ဟု အိမ်နီးချင်းတစ်ဦးက ပြောသည်။

အဆိုပါလူငယ်နှစ်ဦးဖြစ်သော မောင်စိုင်းနော်နှင့် မောင်စိုးလွင်ဦးတို့သည် TNLA အဖွဲ့အား တစ်ဦးလျှင် ငွေ ၅၀၀၀၀ ကျပ် နှုန်း ပေးဆောင်လိုက်ရကြောင်းသိရသည်း

စိုင်းရဲကျော်
Shan News

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...