Monday, September 29, 2014

ဒေါ်လာ ၂၀ တန် ဆေးခြောက်တစ်ထုတ် အတွက် ဒေါ်လာ သိန်းချီတန် စိန်နဲ့ လဲသတဲ့


အမေရိကန်ဒေါ်လာ ၁သိန်း၆သောင်းဖိုး တန်ကြေး ရှိတဲ့ စိန်တုံးထုပ် တစ်ထုပ်ကို ကန်ဒေါ်လာ ၂၀ ဖိုးတည်း တန်တဲ့ ဆေးခြောက် တစ်ထုပ်နဲ့ လဲလှယ်တဲ့ ဖြစ်ရပ် အမေရိကန်မှာ ဖြစ်ခဲ့ပါတယ်။
Walter Earl Morrison လို့ အမည်ရတဲ့ အသက် ၂၀ အရွယ် လူငယ်ဟာ UPS လို့ခေါ်တဲ့ အမေရိကန်က သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှု ကုမ္မဏီ တစ်ခုမှာ အလုပ်လုပ်ပါတယ်။ အမေရိကန်ပြည်ထောင်စု အရီဇိုးနား ပြည်နယ်မှာ တာဝန် ထမ်းဆောင်ပြီး သယ်ယူရမယ့် ပစ္စည်းထဲမှာ စိန်ထုပ် တစ်ထုပ်ကို ခိုးယူခဲ့ ပါတယ်။ ပြီးတော့ ဆေးမှောင်ခို ကွန်ရက်ကနေ ကန်ဒေါ်လာ ၂၀ သာ တန်ကြေး ရှိတဲ့ ဆေးခြောက်ထုပ်လေး ရဖို့ အတွက် လဲလှယ်ခဲ့ ပါတယ်။ စိန် တစ်လုံးကို တန်ကြေး အမေရိကန်ဒေါ်လာ ၁သိန်း ရှိပြီး အထုပ်မှာ ပါတဲ့ စိန်ရဲ့ တန်ဖိုးက ကန်ဒေါ်လာ ၁သိန်း၆သောင်း ရှိပါတယ်။


ထုတ်ခွဲရောင်းချဖို့ အတွက် ပွဲစားက ဆိုင်ကြီးမှာ သွားရောက်တော့မှ ဖမ်းဆီးရမိပြီး မူလ ပိုင်ရှင်ဖြစ်သူထံ ပြန်ပေးအပ် ခဲ့ပါတယ်။ တန်ဖိုးဆိုတာ သိသူ အတွက်သာ ရှိတယ်ဆိုတာကို ယင်း သတင်းဟာ သက်သေပြသွား ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...