Monday, September 29, 2014

ရမ်ဆေး၊ ၀ီလ်ရှိုင်းယားနှင့် အာတီတာတို့ ဂါလာတာစာရေးနှင့်ပွဲကို လွဲချော်မည်


စပါးအသင်းနှင့် ၁-၁ ဂိုးဖြင့် သရေကျခဲ့သော ပွဲစဉ်တွင် အာဆင်နယ်အသင်းမှ အဓိက ကွင်းလယ် ကစားသမားများဖြစ်သောအာတီတာ၊ရမ်ဆေးနှင့်ဝီလ်ရှိုင်း ယားတို့မှာ ဒဏ်ရာ အသီးသီး ရရှိခဲ့ကြပြီး အနည်းဆုံး ရက်သတ္တပတ်တစ်ပတ်ခန့် အနားယူရ မည်ဖြစ်ကြောင်း နည်းပြအာစင်ဝင်းဂါးက အတည်ပြု ပြောကြားသည်။
ရမ်ဆေးမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး အာတီတာမှာ ခြေသလုံးဒဏ်ရာ ရရှိခဲ့ကာ ၀ီလ်ရှိုင်းယားမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ သုံးဦးစလုံးသည် လာမည့် ဗုဒ္ဓဟူးနေ့တွင် ယှဉ်ပြိုင်ရမည့် ဂါလာတာစာရေးနှင့် ချန်ပီယံလိဂ် ပွဲစဉ်ကို သေချာပေါက် လွဲချော် မည်ဖြစ်ပြီး တနင်္ဂနွေနေ့ တွင် စတမ်းဖို့ဒ်ဘရစ်ကွင်း၌ကစားရမည့် ချယ်လ်ဆီးနှင့် ပွဲစဉ်ကိုလည်း လွဲချော်ဖွယ်ရှိကြောင်း အာဆင်နယ် အသင်းက အတည်ပြုသည်။

“သူတို့ သုံးယောက် ဘယ်လောက် အထိအနား ယူရမလဲ ဆိုတာ ကျွန်တော်မ သိသေးပါဘူး။ ဒါပေမယ့် လာမယ့် အပတ်အ ထိတော့ သူတို့ ကစားနိုင် ဦးမှာ မဟုတ်ပါဘူး။ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ ၀ီလ်ရှိုင်းယားက ချယ်လ်ဆီးနဲ့ပွဲမှာ ပြန်ပါနိုင်ဖို့ ရှိပေမယ့် အာတီတာနဲ့ ရမ်ဆေးတို့ကတော့ ချယ်လ်ဆီးနဲ့ ပွဲကိုပါ လွဲဖို့ သေချာသလောက်ရှိပါတယ်” ဟု အာစင်ဝင်းဂါးက ပြောသည်။

ထို့အပြင် ၀င်းဂါးက “ဒီနေ့ပွဲမှာ ကစားသမား သုံးဦးဆုံး ရှုံးခဲ့ရပါတယ်။ ကျွန်တော်တို့ အသင်းမှာ ဂီရော့ဒ်နဲ့ ဒီဘူချီတို့က ကာလကြာ ရှည်အနား ယူနေရပြီး ၀ဲလ်ကော့ကလည်း အခြေအနေမကောင်းသေးပါဘူး။ ဒိုင်ယာဘီကလည်း အဆင်သင့်မဖြစ်သေးလို့ ကစားသမား ခုနစ်ဦးအထိ ဆုံးရှုံးနေရပါတယ်။ အဲ့ဒီအ တွက် စိုးရိမ်ပူပန်နေရပါပြီ” ဟု ပြောသည်။

စပါးနှင့်ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တွင် အာဆင်နယ်အသင်းသည် ချက်ဒလီ၏ဂိုးဖြင့် ဦးဆောင်ခံခဲ့ရပြီး ပွဲချိန် ၇၄ မိနစ်တွင်ချိန်ဘာလိန်က ချေပဂိုးပြန်လည်သွင်း ယူနိုင်ခဲ့ခြင်းကြောင့်သာ ၁၇၆ ကြိမ်မြောက် မြောက်လန်ဒန် ဒါဘီတွင် မရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်
Mizzima

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...