Wednesday, November 5, 2014

၂၀၁၆ အိုလံပစ် (ဘရာဇီးလ်) အမျိုးသမီး ဘောလုံး ခြေစစ်ပွဲ မြန်မာ ၀င်ရောက်ယှဉ်ပြိုင်မည်



ဘရာဇီးလ် နိုင်ငံတွင် ကျင်းပမည့် ၂၀၁၆ အိုလံပစ် အားကစား ပွဲတော် အမျိုးသမီး ဘောလုံး ပြိုင်ပွဲအတွက် အာရှဇုန် ခြေစစ်ပွဲ ပွဲစဉ်များကို အဆင့် (၃)ဆင့်ဖြင့် ကျင်းပသွားမည် ဖြစ်ရာမြန်မာ့ လက်ရွေးစင် အမျိုးသမီး ဘောလုံး အသင်း ၀င်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်နှင့် အာရှ ဘောလုံး အဖွဲ့ချုပ်မှ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ထံ တရားဝင် ဖိတ်ကြားသည့် စာအရ အာရှဇုန်မှ အသင်း(၂)သင်း ခြေစစ်ပွဲ အောင်မည်ဖြစ်ပြီး ခြေစစ်ပွဲ ပထမအဆင့်၊ ဒုတိယ အဆင့်နှင့် ဖိုင်နယ် ဆင့်ဟူ၍ (၃)ဆင့်ခွဲ ကျင်းပသွားမည် ဖြစ်သည်။ ခြေစစ်ပွဲ ပထမ အဆင့်ကို ၂၀၁၅ ခုနှစ် မတ်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့ အထိ လည်းကောင်း၊ ဒုတိယ အဆင့်ကို စက်တင်ဘာ ၆ ရက်နေ့မှ ၁၃ ရက်နေ့ အထိလည်းကောင်း၊ ဖိုင်နယ် အဆင့်ကို ဖေဖော်ဝါရီ ၂၉ ရက်နေ့မှ မတ်လ ၉ ရက်နေ့ အထိလည်းကောင်း ကျင်းပသွားမည် ဖြစ်ပြီး အိမ်ရှင် နိုင်ငံများကိုမူ ရွေးချယ်ထားခြင်း မရှိသေးပေ။ မြန်မာ အမျိုးသမီး အသင်း အနေဖြင့် လက်ရှိ ဖီဖာ ရပ်တည်မှု အရ အာရှ အဆင့်(၁၀) ဖြစ်သောကြောင့် ပထမ အဆင့်မှ စတင်ကာ ခြေစစ်ပွဲများ ကစားရမည် ဖြစ်သည်။
ဖီဖာ ရပ်တည်မှု အဆင့်အရ ကျင်းပမည့် ခြေစစ်ပွဲ အဆင့်များ
(က) ခြေစစ်ပွဲ ပထမ အဆင့်
- ပါဝင်ယှဉ်ပြိုင်မည့် အသင်း - ၁၂ သင်း (အာရှရပ်တည်မှု အဆင့် ၈ မှ ၁၉ အထိ )
(၈) တရုတ်(တိုင်ပေ)၊ (၉) ဥဇဘတ် ကစ္စတန်၊ (၁၀) မြန်မာ၊ (၁၁) အိန္ဒိယ၊ (၁၂) ဂျော်ဒန်၊ (၁၃) အီရန်၊ (၁၄) ဟောင်ကောင်၊ (၁၅) ဘာရိန်း၊ (၁၆) လာအို၊ (၁၇) ပါလက်စတိုင်း၊ (၁၈) ဘင်္ဂလားဒေရှ့်၊ (၁၉) သီရိလင်္ကာ
* အထက်ပါ အသင်း (၁၂)သင်းအား ၄ သင်းပါ အုပ်စု (၃)ခု ခွဲ၍ ယှဉ်ပြိုင် ကစားစေမည် ဖြစ်ပြီး အုပ်စု ပထမရ (၃)သင်းသည် ဒုတိယ အဆင့်ခြေစစ်ပွဲ တက်ရောက် ကစားရမည် ဖြစ်သည်။
==========================================================
(ခ) ခြေစစ်ပွဲ ဒုတိယ အဆင့်
- ပါဝင်ယှဉ်ပြိုင်မည့် အသင်း - ၅ သင်း (အာရှ ရပ်တည်မှု အဆင့် ၆၊ ၇ နှင့် ပထမအဆင့် အုပ်စုဗိုလ် ၃ သင်း)
(၆) ထိုင်း၊ (၇) ဗီယက်နမ် ၊ (ပထမအဆင့် အုပ်စုဗိုလ် ၃ သင်း)
** အထက်ပါ အသင်း (၅)သင်း အုပ်စုပတ်လည် ကစားမည်ဖြစ်ပြီး ပထမ နေရာရ အသင်းမှာ ဖိုင်နယ် အဆင့်သို့ တက်ရောက် ရမည်ဖြစ်သည်။
==========================================================
(ဂ) ခြေစစ်ပွဲ နောက်ဆုံး အဆင့်
- ပါဝင် ယှဉ်ပြိုင်မည့် အသင်း - ၆ သင်း (အာရှ ရပ်တည်မှု အဆင့် ၁ မှ ၅ နှင့် ဒုတိယ အဆင့် အုပ်စုဗိုလ်)
(၁) ဂျပန်၊ (၂) သြစတြေးလျ၊ (၃) တောင်ကိုရီးယား၊ (၄) တရုတ်၊ (၅) မြောက်ကိုရီးယား တို့နှင့် ဒုတိယအဆင့် အုပ်စုဗိုလ်
*** အထက်ပါ အသင်းများ အုပ်စုပတ်လည် ကစားကြမည် ဖြစ်ပြီး အုပ်စု ပထမ နှင့် ဒုတိယ အသင်းများ ၂၀၁၆ ဘရာဇီးလ် အိုလံပစ် ၀င်ရောက် ကစားခွင့် ရမည်ဖြစ်သည်။
Myanmar Forward

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...