Wednesday, November 5, 2014

မလှိုင်မြို့၌ စားသုံးရန် မသင့်သော အစားအစာ(၁၀) မျိုး ရောင်ချခြင်းမပြုလုပ်ရန် သတိပေး တားမြစ်

မလှိုင်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီက သုံးစွဲရန် ခွင့်မပြုသော၊ ဆိုးဆေးများ ပါဝင်သောကြောင့် စားသုံးရန် မသင့်သော အစားအစာများကို ရောင်းချခြင်းမပြုလုပ်ရန် နိုဝင်ဘာ ၃ ရက်နေ့က မြို့ပေါ်ဈေးဆိုင်များကို စစ်ဆေးခဲ့ ကြောင်းသိရသည်။ အဆိုပါနေ့က မလှိုင်မြို့မ စည်ပင်သာယာဈေးကြီး အတွင်းရှိ မုန့်ဆိုင်များ၊ ရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံ အရောင်းဆိုင်များနှင့် ကျောင်းများ ပတ်ဝန်းကျင်တွင် ရောင်းချသည့် မုန့်မျိုးစုံ ဆိုင်များတွင် စားသုံးရန် မသင့်သောအစား အစာ (၁၀)မျိုး ကို ရောင်းချခြင်း ရှိ/မရှိ ကို စစ်ဆေးခဲ့ပြီး မရောင်းချရန်တားမြစ်ခဲ့သည်။

စားသုံးရန် မသင့်သော အစားအစာ(၁၀) မျိုး မှာ ငရုပ်ဆီ ( ပန်းပွင့်တံဆိပ် ) ၊ Energy Drink ၂၀ ဂရမ် အမှုန့် ထုပ် (Red Sport)တံဆိပ်၊ ဝေဖါလုံး (ရောင်စုံ) အမှတ် တံဆိပ်မပါ၊ ဝေဖါချောင်း(အမှတ် တံဆိပ်မပါ)၊ ရောင်စုံဝေဖါချောင်း (အမှတ် တံဆိပ်မပါ)၊ ဂျယ်လီ(ပန်းရောင်) အမှတ် တံဆိပ်မပါ၊ ရောင်စုံစပ်ကျား ချိုချဉ်ပြား (အမှတ်တံဆိပ် မပါ)၊ ငရုပ်သီးပုံချိုချဉ်ချောင်း (အမှတ်တံဆိပ်မပါ)၊ ချိုချဉ်ပြား(လိမ္မော်) ဝမ်းဝမ်း အမှတ် တံဆိပ်၊ ချိုချဉ်ပြား (အစိမ်း) ဝမ်းဝမ်း အမှတ်တံဆိပ်တို့ ဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...