အတွေ့အထိဆိုတာ ချစ်သူနှစ်ဦးကြား ဆက်ဆံရေးတစ်ခုကို ပိုမို တိုးတက်လာစေတဲ့အရာပါ။ ပျော်ရွှင်အဆင်ပြေနေတဲ့ အတွဲတွေဟာ တစ်ဦးနဲ့တစ်ဦး မကြာခဏ တွေ့ထိပေးနေတတ်သူတွေပါ။ ခုံတန်းတစ်ခုမှာ အတူထိုင်နေရင်တောင် ဒူးခေါင်းနှစ်ခုကို ထိထားတာမျိုး၊ တစ်ယောက်လက်ကို တစ်ယောက်ကိုင်ထားတာမျိုး၊ တစ်ယောက်ရဲ့ဆံပင်ကို တစ်ယောက်သပ်ပေးတာမျိုး၊ တစ်ယောက်ရဲ့လက်မောင်းကို တစ်ယောက်တို့ထိပြီး စကားပြောတာမျိုးတွေဟာ သာမာန်အားဖြင့် ဘာမှမထူးခြားဖူးလို့ ထိပေမယ့် ချစ်သူနှစ်ဦးအတွက် ပိုမိုရင်းနှီးနွေးထွေးစေတယ်လို့ သုတေသီတွေက ဆိုလိုက်ပါတယ်။ ဒါဟာ ဆက်ဆံရေးတစ်ခုအတွက် အခြေခံအချက်ဖြစ်ပေမယ့် အရေးကြီးတဲ့ အခန်းကဏ္ဍအနေနဲ့လည်း ရှိနေပြန်ပါတယ်။
ကိုယ့်ချစ်သူကို ကိုယ်ပေးလိုက်တဲ့ ထိတွေ့မှုလေးတစ်ခုက ဘယ်လောက်ထိ အဓိပ္ပါယ်သက်ရောက်သွားစေသလဲဆိုရင် "နင့်ကိုငါဂရုစိုက်တယ်၊ နင်ဟာငါ့အတွက် အရေးကြီးတဲ့သူတစ်ယောက်ပဲ၊ နင်နဲ့ခုလို နီးနီးလေးရှိချင်တယ်"ဆိုတာတွေ အားလုံးပြောပြပေးလိုက်သလိုပါပဲတဲ့။
လေ့လာတွေ့ရှိချက်အရ ကော်ဖီဆိုင်တစ်ဆိုင်မှာ ထိုင်နေကြတဲ့ ချစ်သူစုံတွဲတွေဟာ တစ်ဦးနဲ့တစ်ဦး အကြိမ်ပေါင်း ၁၁၅ကြိမ်ကနေ ၁၈၅ကြိမ်ထိ တို့ထိစကားပြောတတ်ကြပါတယ်။ ဒါဟာ နိုင်ငံအလိုက်လေ့လာတွေ့ရှိချက်အရဖြစ်ပြီး လန်ဒန်က ချစ်သူစုံတွဲတွေကတော့ ဒီလို တွေ့ထိတာမျိုး မရှိသလောက် နည်းပါးပါတယ်တဲ့။ အမေရိကန်က အတွဲတွေဟာလည်း ဒီလိုပါပဲ။ သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုအားနည်းတယ်လို့ ဆိုထားပါတယ်။
Ref:yourtango.com
မေသော်
0 comments:
Post a Comment