ကုသိုလ်တော်ဘုရား အတွင်းရှိ ကျောက်စာများ ထိန်း သိမ်းမှုပြုလုပ်နိုင်ရန် သြစတြေးလျနိုင်ငံသား ပညာရှင်များ လာရောက်လေ့လာကြောင်း သတင်း ရရှိသည်။
ယူနက်စကို အသိအမှတ်ပြု ကုသိုလ်တော်ဘုရားအတွင်းမှ ကျောက်စာများ အကြီးစား ထိန်း သိမ်းမှုပြုလုပ်ရန် သြစတြေးလျ ပညာရှင်လေးဦးပါဝင်သည့် အဖွဲ့သည် နိုဝင်ဘာ ၁၀ ရက်မှ ၃၀ရက်အထိ လေ့လာသွားကြမည် ဖြစ်သည်။ ပညာရှင်အဖွဲ့တွင် ပါဠိဘာသာကျွမ်းကျင်သည့် တက္က သိုလ်ဆရာများ ပါဝင်ကြောင်း ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် ယဉ်ကျေးမှုဦးစီးဌာန(မန္တလေး)မှ ကမ္ပည်းကျောက်စာနှင့် ပတ်သက်သည့်တာဝန်ရှိသူ တစ်ဦးကပြောသည်။
‘‘ဘယ်လိုပရောဂျက်ရှိမလဲ တော့မသိသေးဘူး။ အခုလာတာ က သူတို့လုပ်မယ့်စီမံကိန်း အ တွက် ဓာတ်ပုံရိုက်တာ၊ စကင်ဖတ်တာ၊ ကျောက်စာသန့်ရှင်းရေးလုပ်တာတွေကို ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့လုပ်တာ’’ဟု တာဝန်ရှိသူက ပြောသည်။
မြန်မာသက္ကရာဇ် ၁၂၂၄ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီး ကိုယ်တိုင် တည်ထားကိုးကွယ်ခဲ့သည့် မန္တလေးမြို့မှ မဟာလောက မာရဇိန်ဘွဲ့အမည်ရှိ ကုသိုလ်တော်ဘုရားကြီးကို ၂၀၁၃ ဇွန်လတွင်ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ယူနက်စကို အဖွဲ့က ကြေညာခဲ့သည်။
ယင်းသို့ အသိအမှတ်ပြုခံရ ပြီးနောက်ပိုင်းတွင် ဘုရားပရိဝုဏ် အတွင်းရှိ ကျောက်စာများ ထိန်း သိမ်းရန် သြစတြေးလျနိုင်ငံမှ ပညာရှင်အဖွဲ့က စိတ်ဝင်စားပြီး ယခုနှစ်ဆန်းပိုင်းကတည်းက ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် ယဉ်ကျေးမှုဦးစီးဌာန(မန္တလေး)သို့ တရားဝင်ကမ်း လှမ်းကာ လာရောက်ခြင်းဖြစ်ကြောင်း ယင်းဌာနတာဝန်ရှိသူက ပြောသည်။ ကုသိုလ်တော်ဘုရား ပရိဝုဏ်အတွင်း၌ ဝိနည်း ၅ ကျမ်း၊အဘိဓမ္မာ ၇ ကျမ်းနှင့် သုတ္တန်ပါဠိ တော်များ အသီးသီးရေးထိုးထားသည့်ကျောက်စာချပ်ရေ ပေါင်း ၇၂၉ ချပ်ရှိနေသည်။
ယင်းကျောက်စာချပ်များကြောင့် ကုသိုလ်တော်ဘုရားမှာကမ္ဘာ့အကြီးမားဆုံး စာအုပ်ကြီးအဖြစ် အသိအမှတ်ပြုခံထား ရသည် ။
By
အေးမွန်ရာပြည့်
0 comments:
Post a Comment