Saturday, November 8, 2014

မြန်မာနိုင်ငံသည် ကမ္ဘာ့ဈေးကွက်တွင် သံဖြူ တင်ပို့ရောင်းချသူအသစ်အဖြစ် ပေါ်ထွက်လာမည်




ကမ္ဘာ့ဈေးကွက်တွင် သံဖြူတင် ပို့ရောင်းချသူအသစ်အဖြစ် မြန်မာ နိုင်ငံပေါ်ထွက်လာမည်ဟု Bernama ကဖော်ပြသည်။ မြန်မာ၏သံဖြူအ ထွက်သည် နောက်လာမည့်နှစ်၌ ၁၂ ရာခိုင်နှုန်းတိုးမြင့်လာပြီး တန် ချိန် ၂၈ဝဝဝ ဖြစ်လာမည်ဖြစ်ပြီး ထို သံဖြူများအနက် ၁ဝ ရာခိုင်နှုန်း သည် ကမ္ဘာ့ဈေးကွက်သို့ ရောက်လာ မည်ဟု သိရသည်။ 

မြန်မာနိုင်ငံတောင်ပိုင်းတနင်္သာ ရီရှိ ဟိန္ဒားသံဖြူသတ္တုတွင်းတွင် သံဖြူထုတ်လုပ်မှုတိုးချဲ့ရေးမံကိန်းကို ပွန်ပီပက်ကုမ္ပဏီက စီမံကိန်းချမှတ် ထားသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံမှ ပိုမိုထွက်ရှိလာသော သံဖြူများအနက် တချို့တဝက်ကို ထိုကုမ္ပဏီသို့ရောင်း ချရမည်ဟု ယူကေအခြေစိုက် စက်မှု လုပ်ငန်းအုပ်စု ITRI ကဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများပိုမို ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် မြန်မာ အစိုးရက ခွင့်ပြုထားသည်။ စွမ်းအင်၊ သတ္တုနှင့်သီးနှံများအပါအဝင် လူသုံး ကုန်ပစ္စည်းများထုတ်လုပ်ရေးကို ပို ၍ အာရုံစိုက်ခြင်းဖြင့် ပိုမိုဖွံ့ဖြိုးတိုး တက်ရေးအတွက် မြန်မာကကြိုးပမ်း နေသည်။ 
မြန်မာနိုင်ငံ၏ GDP တိုးတက် မှုသည်နောက်လာမည့်နှစ်အနည်း ငယ်တွင် ပျမ်းမျှ ၈ ဒသမ ၂၅ ရာခိုင် နှုန်းတိုးတက်မည်ဟု နိုင်ငံတကာငွေ ကြေးရန်ပုံငွေအဖွဲ့ကခန့်မှန်းထား သည်။ 

ထိုသို့ GDP တိုးတက်ရေး အတွက် သဘာဝဓာတ်ငွေ့ပိုမိုထုတ် လုပ်ပြီး ရင်းနှီးမြှုပ်နှံမှုကိုလည်း တိုး မြှင့်မည်ဟု သိရသည်။ 

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၇

Ref: BERNAMA

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...