Saturday, November 8, 2014

အွန်လိုင်းမှ တိုက်ရိုက်ငွေပေးချေနိုင်သည့် Online Payment စနစ် နိုဝင်ဘာဒုတိယပတ်တွင် စတင်အသုံးပြုနိုင်မည်



အွန်လိုင်းစနစ် ကိုအသုံးပြု၍ တိုက်ရိုက်ငွေပေးချေ မှုများဆောင်ရွက်နိုင်မည့် Online Payment ဝန်ဆောင်မှုစနစ်ကို နိုဝင်ဘာဒုတိယပတ်မှ စတင်အသုံး ပြုနိုင်တော့မည်ဖြစ်ကြောင်းသိရ သည်။

အဆိုပါအွန်လိုင်းငွေပေးချေ မှုကို အင်တာနက်ဘဏ်စနစ်များ ဖြစ်သည့် Internet Banking, Mobile Banking အစရှိသည့် စနစ် များကဲ့သို့ အွန်လိုင်းဈေးဝယ်ရာတွင် ငွေပေးချေခြင်းများအပြင် ငွေသွင်း၊ ငွေထုတ်အစရှိသည်တို့ကို Myanpay Account မှတစ်ဆင့် ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း သိရသည်။

Myanpay မှတာဝန်ရှိသူဦး ရန်နောင်စိုးက''Online Payment စနစ်ကို နိုဝင်ဘာလဒုတိယပတ် လောက်မှာစပြီး သုံးနိုင်မှာပါ။ ပြည် တွင်းမှာ အွန်လိုင်းဈေးဝယ်စနစ် တွေကလဲ တွင်ကျယ်လာပြီဆိုတော့ Myanpay A/C ကနေငွေပေးချေ နိုင်အောင် ဆောင်ရွက်လိုက်တဲ့သ ဘောပါ''ဟုပြောသည်။

ငွေကြေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် သမဝါ ယမဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုး ရေးဘဏ်၊ ဧရာဝတီဘဏ်၊ ပထမ ပုဂ္ဂလိကဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန် မာ့စီးပွားရေးဘဏ်အစရှိသည်တို့ အပါအဝင် ဘဏ်၁၅ဘဏ်ဖြင့် ချိတ် ဆက်ထားကြောင်း သိရသည်။

ယင်းကဆက်လက်၍''ဒီစနစ် ကိုသုံးပြီးငွေထုတ်ငွေသွင်းရာမှာ လုံခြုံ မှုရှိဖို့အတွက် ဝန်ဆောင်မှုလုပ်တဲ့ အခါတိုင်း ဖုန်းထဲကို SMS ပေးပို့တဲ့ စနစ်နဲ့အသုံးပြုတဲ့သူကို ဝန်ဆောင် မှုပေးမှာပါ။ တခြားသူကသုံးနေပြီ ဆိုရင်လဲ ချက်ချင်းသိနိုင်မယ့် စနစ် ဖြစ်ပါတယ်''ဟုပြောသည်။

အဆိုပါ Online Payment ဝန်ဆောင်မှုကို အသုံးပြုလိုသူများ အနေဖြင့် www.myanpay.com.mm ဝက်ဘ်ဆိုက်တွင် Myanpay အကောင့် ပြုလုပ်နိုင်ပြီး ငွေပမာဏ အနည်းဆုံးကျပ်ငါးထောင်ဖြင့် စာ ရင်းဖွင့်လှစ်နိုင်ပြီး ငွေပေးချေမှု တစ် ကြိမ်ပြုလုပ်တိုင်း ကျပ်ငါးရာကျသင့် မည်ဖြစ်ကြောင်း သိရသည်။

PPT

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...