Wednesday, November 5, 2014

KKO ဗိုလ်ကြီး ဆင့်ရှိသူ အောင်နိုင်(ခ) ပါကြီး ဦးခေါင်းခွံတွင် ကျည်ဒဏ်ရာတွေ့


မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင်ရွာအနီး မြှုပ်နှံထားသော သတင်းထောက်ကိုပါကြီး၏ အလောင်းကို ယနေ့နေ့လည် ပြန်လည်တူးဖော်ရာ မျက်မြင်သက်သေများက ကိုပါကြီး၏ ဦးခေါင်းခွံမှာ ကွဲထွက်နေပြီး ကျည်ဆံဖြင့် ပစ်ခံထားရသည်ဟု ယူဆရသည့် အပေါက်ကို တွေ့ရသည်ဟု ဧရာဝတီကို ပြောဆိုသည်။ စစ်တပ်က ကိုပါကြီးသည် ဖမ်းဆီးစစ်ဆေးနေစဉ် လက်နက်လုပြီး ထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်သတ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။ ကိုပါကြီးအလောင်း ပြန်လည်တူးဖော်မှု သတင်းအပြည့်အစုံကို မကြာမီ ဖော်ပြပါမည်။

ဧရာဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...