ထက်အောင်(မြစ်မခ)၊ Flower News ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၄၅)။
ရန်ကုန်၊ နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်(၂) ဒီပဲရင်းဝန်ထောက် ဦးမြဲလမ်း ရှိ Opal အထည်ချုပ်စက်ရုံတွင် နိုဝင်ဘာ ၁၃ရက် နံနက် ၆နာရီခန့်က စက်ရုံအတွင်းအသုံးပြုသော ရိုလာ စက် အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Opal အထည်ချုပ်စက်ရုံ မီးလောင်ကျွမ်းမှုသည် ၂ဝ၁၄ခုနှစ်အတွင်း စက်မှုဇုန်မီးလောင်ကျွမ်းမှု များ၌ ဆုံးရှုံးမှုတန်ဖိုးအမြင့်ဆုံးဖြစ်သည်ဟု သိရသည်။
မီးလောင်ကျွမ်းမှုမှာ စက်ရုံဘက်မှ စတင်လောင် ကျွမ်းခဲ့ပြီး အထည်သိုလှောင်ရာနေရာသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ကျပ်သိန်း၂ဝဝဖိုးခန့် ဆုံးရှုံးခဲ့ ကြောင်း သိရသည်။
''မနက်အစောကြီး စက်ရုံထဲကနေ မီးခိုးတွေအများကြီးထွက်လာတယ်။ စစလောင်ချင်းတုန်းက အဲဒီလောက်သိပ်မလောင်သေးဘူး။ အထည်တွေသိုလှောင်တဲ့ဘက်ကိုကူးသွားတော့ မီးတောက်က ပိုကြီး သွားတာ''ဟု စက်ရုံအရှေ့တွင် ဈေးရောင်းချသူတစ်ဦးကဆိုသည်။
မီးလောင်ကျွမ်းမှုအား ဝင်ရောက်ငြှိမ်းသတ်ခဲ့သည့် မီးသတ်သမားအချို့ ဒဏ်ရာရရှိခဲ့ပြီး လောင် ကျွမ်းချိန် နှစ်နာရီကျော်ကြာမြင့်ခဲ့သည်။
''မီးငြှိမ်းသတ်နေတုန်း စက်ရုံပြတင်းပေါက်ကမှန်တွေပူပြီးတော့ ကွဲသွားတယ်။ ကွဲသွားတဲ့မှန်စ က မီးသတ်နေတဲ့ကောင်လေးရဲ့လည်ပင်းကို စိုက်သွားတယ်။ သူ့ကို နာရေးကူညီမှုအသင်းက အရေးပေါ် ကားနဲ့ ဆေးရုံကိုပို့လိုက်တယ်''ဟု မီးလောင်ကျွမ်းမှုကို လာရောက်ကြည့်ရှုသူတစ်ဦးက ပြောသည်။
#TheFlowerNews

Lucky Club Casino Site Review 2021 - Lucky Club Online
ReplyDeleteLucky Club is an established casino site owned by Playtech. It's operated by Playtech Group and powered luckyclub by Microgaming. It's licensed by the Malta Gaming