Friday, August 29, 2014

Apple ဟာ စက်တင်ဘာ ၉ ရက်နေ့ Event အတွက် အတည်ပြုပြောကြားခဲ့ပြီး အားလုံးမျှော်လင့်နေသည့် iWatch ကိုလည်း ပွဲထုတ်လာဖွယ်ရှိ

Apple ဟာ သူရဲ့ Event ပြုလုပ်မည့်ရက်အဖြစ် စက်တင်ဘာလ ၉ ရက်နေ့ဆိုတာ ကို အတည်ပြုလိုက်ပြီဖြစ်သလို Event အတွက် ဖိတ်စာများကိုလည်း မီဒီယာများကို ပေးပို့လျှက်ရှိပြီဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ် က ပေါက်ကြားခဲ့တဲ့ iPhone 6 ဘူးခွံတွင် ဖော်ပြထားသည့် ရက်နှင့်လည်း တစ်ရက်တည်းဖြစ်လျှက်ရှိပါတယ်။

Apple ဟာ သူရဲ့ မူလပုံစံအတိုင်းပဲ iPhone 6 ကိုလည်း မျက်နှာပြင် 4.7 နှင့် ပွဲထုတ်လာဖွယ်ရှိပါတယ်။ ထိုအတူ ထူးခြားမှုတစ်ရက်အနေဖြင့် Event အတွက် ဖိတ်ကြားထားသည့် ဖိတ်စာပေါ်တွင် Event ရက်ဖြစ်သည့် 9.9.2014 လို့ ရေးသားထားသလို Wish we could say more. ဆိုသည့် စကားလုံးကိုပါ အသုံးပြုထားသည့်အတွက် ယခင် ကောလဟာလအဖြစ် ထွက်နေတဲ့ iWatch စမက်နာရီလိုမျိုးကိုလည်း iPhone နှင့် အတူ ပွဲထုတ်လာဖွယ်ရှိနေပါတယ်။

SmartWatch ခေတ်ကို တစ်ဖြည်းဖြည်းရောက်ရှိလာခဲ့သည့်နည်းတူ LG ကလည်း သူ့ရဲ့ LG G Watch R ကို မိတ်ဆက်ခဲ့ပြီး Motorola ကလည်း Moto 360 စမက်နာရီကို IFA 2014 ဘာလင်မြို့ ပြပွဲမှာ ပွဲထုတ်မှာဖြစ်ပါတယ်။ ဒီတော့ Apple ရဲ့ ကောလဟာလထွက်နေတာကြာပြီဖြစ်တဲ့ iWatch ဟာလည်း ထွက်လာတော့မယ်ဆိုတာ သေချာနေပါတယ်။ ဒါပေမယ့်လည်း အခြားသတင်းရင်းမြစ်တစ်ခုအရတော့ iWatch ဟာ မျှော်မှန်းထားတာထက် နောက်ကျနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

Apple ဟာ Beats Audio နှင့် ပတ်သက်ပြီးအတော်လေး ရင့်ကျက်မှုရှိလာတာနဲ့ အမျှ ယခု လာမည့် ၉ ရက်နေ့ Event မှာ ထူးခြားဖွယ်ရာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ မျှော်လင့်ရသလောက်ကတော့ Apple ဟာ သူရဲ့ တစ်ချို့ အဓိကကြတဲ့ Features တွေကို လျှိုဝှက်ထားနိုင်ခဲ့တယ် လို့ဆိုနိုင်မယ်ဆိုရင် ယခု ၉ ရက်နေ့ပွဲမှာ ထင်ကြေးပေးနေကြတဲ့ Sapphire glass ကိုလည်း အံ့သြစရာတွေနဲ့အတူ ယူဆောင်လာနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ iOS 8 ကိုလည်း စက်တင်ဘာ ၉ ရက်နေ့ ပွဲမှာပဲ iDevices တွေအားလုံးမှာ အသုံးပြုနိုင်ဖို့အတွက်လည်း မျှော်လင့်ရပါတယ်။

Ref : GSMARENA

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...