Monday, August 4, 2014

ရန်ကုန်လေဆိပ်တွင် ကိုရီးယားနိုင်ငံသား မှားယွင်းယူဆောင်သွားသည့် ခရီးဆောင်အိတ်အား ကူညီစုံစမ်းရှာဖွေ၍ ပိုင်ရှင်ထံပြန်လည်အပ်နှံ

နေပြည်တော်၊ သြဂုတ် ၎

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်အချိန် အဲအေးရှားလေကြောင်း ခရီးစဉ်ဖြင့် ရန်ကုန်လေဆိပ်သို့ရောက်ရှိလာသည့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကတုတ်ရွာနေ ကိုထိန်လင်းကျော်(၂၇)နှစ်သည် ပြည်ပဆိုက်ရောက် X-Ray စက်တွင်ဖြတ်သန်းစဉ် ၎င်း၏ကျောပိုးအိတ် အနက်ရောင်အား X-Ray Roller ပေါ်တွင် မေ့ကျန်ခဲ့ကြောင်း၊ အဆိုပါကျောပိုးအိတ်အတွင်း Cannon အမျိုးအစား ကင်မရာ(၁)လုံး၊ ကင်မရာမှန်ဘီလူး(၃)ခု၊ အမေရိကန်ဒေါ်လာ(၁၀၀)တန် ၂၀ ရွက်၊ (၅၀)တန် ၅ ရွက်၊ Samsung လက်ကိုင်ဖုန်း(၁)လုံး၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၄၅)သိန်းခန့် ပါရှိကြောင်းနှင့် ကူညီစုံစမ်းရှာဖွေပေးရန် ၂၈-၇-၂၀၁၄ ရက်နေ့ ၁၀၁၅ အချိန် လေကြောင်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်)သို့ လာရောက်အကြောင်းကြားခဲ့သည်။
ယင်းသို့ အကူအညီတောင်းခံမှုကြောင့် လေကြောင်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)မှတပ်ဖွဲ့ဝင်များနှင့် ရန်ကုန်လေဆိပ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ရန်ကုန်လေဆိပ်၊ ပြည်ပဆိုက်ရောက်ဆောင်ရှိ CCTV ကင်မရာများအား ပြန်လည်ကြည့်ရှုခြင်း၊ လူဝင်မှုကြီးကြပ်ရေးကောင်တာတွင် မှားယွင်း ယူဆောင်သွားသောခရီးသည်၏အချက်အလက်များ ရယူခြင်းတို့ဆောင်ရွက်ခဲ့ရာ ကိုရီးယားနိုင်ငံသား ဖြစ်သူ Mr. Manjoo Kuong မှ မှားယွင်းယူဆောင်သွားခြင်းဖြစ်ကြောင်းသိရှိရသည်။ ထိုသို့ သိရှိရ၍ Mr. Manjoo Kuong ဆက်သွယ်ဝင်ရောက်လာသည့် ခရီးသွားလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီသို့ ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ မှားယွင်းယူဆောင်သွားသည့် ကျောပိုးအိတ်အား ယင်းနေ့ ၁၈၀၀ အချိန် Mr. Manjoo Kuong ၏ မိခင်ဖြစ်သူမှ လေကြောင်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)သို့ လာရောက်အပ်နှံခဲ့သဖြင့် ပိုင်ရှင်ဖြစ်သူ ကိုထိန်လင်းကျော်ထံသို့ ၁၈၃၀ အချိန် အိတ်အတွင်းပါရှိသည့်ပစ်္စည်းများနှင့်အတူ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...