Sunday, August 31, 2014

တစ်ခါတရံမှာ " အချစ်ဆိုတာ "

သတိရနေမိတဲ့စိတ်တွေနဲ့ မျက်ရည်ကျနေမိပေမဲ့လဲ
မဖြစ်နိုင်တော့ဘူးဆိုတဲ့ အသိစိတ်တွေနဲ့ပဲ
ကိုယ့်ကိုကိုယ် ပြန်ပီးထိန်းချုပ်နေလိုက်ရတဲ့
အခါတွေရှိတယ်

အရမ်းလွမ်းနေမိတဲ့စိတ်တွေနဲ့ တမ်းတနေမိပေမဲ့လဲ
ကိုယ့်ကိုကိုယ် ပျော်ရွှင်စေနိုင်ဖို့အတွက် အားတင်းထားရင်း ကိုယ့်ခံစားချက်တွေကို
မြိုသိပ်နေရတဲ့အခါတွေရှိတယ်

အရမ်းချစ်တဲ့စိတ်တွေနဲ့ပေးဆပ်ချင်နေမိပေမဲ့လဲ
ကိုယ်ကသူ့အတွက် မလိုအပ်တော့တဲ့သူတစ်ယောက်
ဖြစ်နေတဲ့အခါ သူ " ပျော်ရွှင်ပါစေ " ဆိုတဲ့
ဆုတောင်းတွေနဲ့ပဲ နှစ်သိမ့်နေရတဲ့အခါတွေရှိတယ်

ဒီလိုပါပဲ…ကိုယ့်ဘက်က ဘဝတစ်ခုလုံးစာအတွက်ရည်ရွယ်ပီး
လက်တွဲသွားချင်ပေမဲ့လဲ ကိုယ့်အတွက် ပိုင်ဆိုင်ခွင့်
ဆိုတာ အိမ်မက်တစ်ခုလိုပဲ ဖြစ်နေရတဲ့အခါတွေလဲ
ရှိနေခဲ့ပြန်တယ်

Khin Myo Aye

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...