ကောင်းနန္ဒကျော်
အော်ရီဒူးဆက်သွယ်ရေးကုမ္ပဏီမှ ငွေကျပ် ၁၅ဝဝ တန် အော်ရီဒူးဆင်းကတ်များကို ဇူလိုင် ၂၉ ရက်တွင် နေပြည်တော်နှင့်မန္တလေးမြို့များတွင်လည်းကောင်း၊ ဇူလိုင် ၃ဝ ရက်တွင် ရန်ကုန်မြို့တွင်လည်းကောင်း၊ အော်ရီဒူး သီးသန့်ဖုန်းအရောင်းဆိုင်များနှင့် ကိုယ်စားလှယ်ဖုန်းအရောင်းဆိုင်များတွင်လည်းကောင်း နိုင်ငံသားမှတ်ပုံတင်ကတ် မိတ္တူများဖြင့်ရောင်းချပေးနေသည်ကို တွေ့နေရပေ သည်။
ရန်ကုန်မြို့ရှိ ဖုန်းဆိုင်အချို့က အော်ရီဒူးဆင်း ကတ်များမရောင်းချမီကတည်းက နှစ်ပတ်၊သုံးပတ်ကြိုတင် ၍ လူတစ်ဦးလျှင် မှတ်ပုံတင်ကတ်တစ်ခုဖြင့် ဆင်းကတ် ၂ဝ ထိဝယ်ယူနိုင်ကြောင်းပြောဆိုသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်း အချို့ နှင့်ပုဂ္ဂလိကများမှ မိမိတို့ဝယ်ယူလိုသည့်အရေအတွက် ကို မှတ်ပုံတင်မူရင်းပေးထားကာ ကြိုတင်စာရင်းပေးမှာထား မှုများရှိခဲ့ပေသည်။
သို့သော် တစ်နေ့စာရေးသူက ဖုန်းဆိုင်တစ်ဆိုင်တွင် ကိုရီးယားနိုင်ငံထုတ် Hanset အသစ်တစ်မျိုးရောက်နေ သဖြင့် ကြည့်လို၍ အဆိုပါ ဖုန်းဆိုင်သို့ သွားရောက်ခဲ့ရာ မမျှော်လင့်သောအဖြစ်အပျက်တစ်ခုကြောင့် အံ့အားသင့်ခဲ့ရ သည်။ ဤဖုန်းဆိုင်လေးသည် စာရေး သူဝယ်နေကျဖြစ်သလို ဆိုင်ရှင်နှင့်ဆိုင်ရှိဝန်ထမ်းအားလုံးကလည်း ဆက်ဆံရေး ပြေပြစ်ကြသည့်အပြင် ၎င်းတို့ဆိုင်သို့ လာရောက်သည့် Customer များအကြိုက်စိတ်ရှည်သည်းခံစွာဖြင့် ဝန်ဆောင် မှုများပေးနေကြသည့်အပြင် ပစ္စည်းများကိုလည်းဈေးနှုန်းချိုသာစွာရောင်းပေးနေခြင်းကြောင့် အစစ အရာရာ အဆင်ပြေပြီးဝယ်လို့ကောင်းသည့် ဆိုင်လေးတစ်ဆိုင် ဖြစ်ပါလျက် ဆိုင်းအတွင်းတွင် Customer တစ်ဦးနှင့် ဆိုင်ရှင်တို့အခြေအတင်စကားများကာ ဆူညံနေသည့် အဖြစ်များကြောင့် စဉ်းစားမရအောင်ဖြစ်ခဲ့ရသည်။
သူတို့တွေ စကားများနေကြသည်က တခြားမဟုတ် စာရေးသူအထက် ကပြောခဲ့သလို နှစ်ပတ်၊ သုံးပတ်ကြိုတင်စာရင်းပေးထား သည့် Customer များက အော်ရီဒူးဆင်းကတ်များ စတင် ရောင်းချပေးသည့်နေ့တွင် ဆင်းကတ်များမရရှိဘဲ အခြား ဆိုင်များတွင် ယခုဝယ် ယခု ရရှိနေကြခြင်းနှင့် မိမိတို့ကြို တင်စာရင်းပေးမှာထားသည့် ဆိုင်ကလည်း Hand Set အသစ်တစ်လုံးဝယ်မှ ဆင်းကတ်တစ်ကတ်သာရောင်း ပေးနေသည့်အဖြစ်များကြောင့် Customer နှင့် ဆိုင်ရှင် တို့အကြား အငြင်းပွားကာပြဿနာများ ဖြစ်နေကြခြင်းပင် ဖြစ်သည်။
ဆိုင်ရှင်ဘက်ကလည်း အော်ရီဒူးဆက်သွယ်ရေး ကုမ္ပဏီမှ အပြည့်အဝမပေးနိုင်၍သာဖြစ်ကြောင်း၊ အော်ရီ ဒူးကုမ္ပဏီကို အပြစ်ပုံချနေသကဲ့သို့ Customer များ ဘက် ကလည်း အော်ရီဒူးနှင့်မဆိုင်၊ ဆိုင်နှင့်သာ သက်ဆိုင်၍ ဆိုင်မှဖြေရှင်းပေးဖို့ တာဝန်ရှိကြောင်း ပြောဆိုနေစဉ်မှာပင် အော်ရီဒူးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးရောက်လာပြီး မကြာမီရက်ပိုင်းအတွင်း မှာထားသည့်ဆင်းကတ်များအား လုံးရစေမှာဖြစ်ကြောင်း ပြောဆိုသွားသဖြင့် နှစ်ဦးနှစ်ဖက် ပြေလည်မှုရရှိကာ အဆင်ပြေသွားခဲ့ကြသည်။
မည်သို့ပင် ဆိုစေကာမူ ထိုနေ့က စာရေးသူလည်းံHand set အသစ် မကြည့်ဖြစ်ခဲ့ဘဲ ဆိုင်လေးမှ ခပ်သုတ်သုတ်ထွက်ခွာလာ ခဲ့ပေတော့သည်။
စာရေးသူ ဖုန်းဆိုင်လေးမှ ပြန်ထွက်လာစဉ် လမ်း တစ်လျှောက်စဉ်းစားလာမိသည်။ ဆိုင်ရှင်ဘက်က တွေး ကြည့်လျှင်လည်း မိမိတို့ Customer များအတွက် စေတနာ ထားပြီး ရစေချင်သည့်စေတနာဖြင့် အော်ရီဒူးဆင်းကတ် များ ထွက်လျှင်ထွက်ချင်း လိုသလောက်ရနိုင်မည်ဟု ထင်ကာ စာရင်းကြိုတင်ကောက်ယူခဲ့စဉ်က ဆင်းကတ်များ စတင်ထွက်ရှိသည့်နေ့တွင် ဦးစားပေးရမည်ဖြစ်ကြောင်း ကတိဝန်ခံခဲ့ခြင်းများကြောင့် ယခုကဲ့သို့ ဆင်းကတ်များမရရှိ ခြင်းနှင့်Hand Set အသစ်တစ်လုံးဝယ်မှ ဆင်းကတ်တစ် ကတ်ရမည်ဆိုသော Hand Set ရောင်းစားနေသည့် ဖြစ်ရပ် များကြောင့် ဆိုင်များအနေဖြင့်လည်း နာမည်ပျက်ကာ တစ်ဖက် Customerများဘက်ကလည်း မိမိတို့ဆိုင်အပေါ် အယုံအကြည်ကင်းမဲ့လာနိုင်ပေသည်။
တကယ်တော့ ဒီဖြစ်ရပ်များသည် ဖုန်းဆိုင်အချို့အနေ ဖြင့် မိမိတို့ Customer များအပေါ် စေတနာထားဆောင် ရွက်ခဲ့ကြသော် လည်း စေတနာက ဝေဒနာဖြစ်ခဲ့ကြရသည်။ တစ်ဖက် အော်ရီဒူးကုမ္ပဏီနှင့်လည်း ပိုင်နိုင်အောင်ချိတ် ဆက်မထားနိုင်ဘဲ မိမိတို့ Customer များအပေါ် စေတနာ အမှား ဆောင်ရွက်ခဲ့ခြင်းများကြောင့် မိမိတို့နှင့်Customer အကြား ယုံကြည်မှုကင်းမဲ့ခြင်းများ၊ တစ်ဦးပေါ်တစ်ဦး အမုန်းပွားမှုများ မဖြစ်သင့်ဘဲ ဖြစ်ခဲ့ကြရသည်။
မည်သို့ပင်ဆိုစေကာမူ အော်ရီဒူးဆက်သွယ်ရေး ကုမ္ပဏီအနေဖြင့်လည်း မိမိတို့ဆင်းကတ်များကို အားပေး နေကြ သည် ပြည်သူများအပေါ် စေတနာထားဆောင်ရွက် ပေးလိုသည့် စိတ်ရင်းစေတနာကောင်းများထားမည်ဆိုပါ ကလည်း ယခုကဲ့သို့သော ''စေတနာအမှား''မျိုးကို မဖြစ် စေလိုကြောင်း စေတနာထား ရေးသားလိုက်ရပါတော့ သည်။ ။
Thursday, August 14, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment