Sunday, August 31, 2014

မိနစ်ပိုင်းအတွင်း ဆန်းပြားပြီး အထာကျတဲ့ ဆံပင်ပုံစံလေးတွေ ပြင်ကြည့်ချင်တယ် ဆိုရင်

မေသော်

တစ်ခါတစ်လေ အပြင်သွားခါနီးပြီဆိုရင် ဆံပင်ကို ဘယ်လိုပြင်ဆင်သွားရင်ကောင်းမလဲ ဆိုပြီး ခေါင်းစားရတဲ့အချိန်တွေရှိပါတယ်။ ဆံပင်ပုံစံပြောင်းဖို့လည်း အဆင်မပြေသေး၊ ဒီပုံစံအတိုင်းလည်း မနေချင်ဘူးဆိုရင်တော့ အောက်မှာပြထား တဲ့ပုံစံလေးတွေအတိုင်း စမ်းပြီး ပြင်ဆင်သွားကြည့်လိုက်ပါ။


၁။ဆံပင်အပေါ်ပိုင်း ထုံးဖွဲ့ဒီဇိုင်း

ဆံပင်ရဲ့သုံးပုံတစ်ပုံလောက်ကိုပဲ ယူပြီး ပုံမှာပြထားသလို ထုံးဖွဲ့ကြည့်လိုက်ပါ။ မြန်ဆန်သလို မြင်နေကျလည်း မဟုတ်တဲ့အတွက် အားလုံးရဲ့အမြင်မှာ ဆန်းနေမှာ သေချာပါတယ်။

၂။ကျစ်ဆံမြီး ဒီဇိုင်း

မြင်နေကျ ကျစ်ဆံမြီးဒီဇိုင်းတွေနဲ့ ကွဲပြားအောင် ခုလို ခေါင်းတစ်ခေါင်းလုံးမှာမှ သုံးခုလောက်ပဲ ကျစ်လိုက်ပါ။ အဲ့ဒီနောက်မှာမှ ပုံမှာပြထားသလို ဘေးတစ်ဘက်တစ်ချက်မှာရှိတဲ့ ဆံပင်အနည်းငယ်ကို ယူလိုက်ပြီး အလည် ကျစ်ဆံပြီးအပေါ်မှာ ချည်လိုက်ပါ။

၃။နောက်ဆုံးပေါ် ပွဲတက်ဆံထုံး

အရင်တုန်းက ပြင်သစ်ဆံထုံးလို့ နာမည်ကြီးတဲ့ ဒီဆံပင်အပြင်အဆင်ကတော့ ပွဲတက်နဲ့ပိုသင့်တော်ပါတယ်။ ပြင်သစ်ဆံထုံးအတိုင်းကိုပဲ အရင်ထက် ပိုပွအောင် ထုံးလိုက်ရင် ရပါပြီ။

၎။နှစ်ဆင့်ချည် ပိုနီတေး

ပိုနီတေးစည်းတယ်ဆိုတာ အလွယ်ကူဆုံးနဲ့ ဘယ်တော့မှရိုးမသွားမယ့် ဆံပင်အပြင်အဆင်တစ်ခုပေါ့။ ဒါကို ပိုဆန်းချင်တယ်ဆိုရင်တော့ ခုလို နှစ်ဆင့်ချည်လိုက်ပါ။ ဒါဆို ဆံပင်ပိုများသလိုဖြစ်သွားပြီး ပိုလည်း ကြည့်ကောင်းပါတယ်။

၅။တစ်ခြမ်းကျစ်ဆံမြီးဒီဇိုင်း

ဆံပင်ကို ဘေးသေချာခွဲပြီး တစ်ဖက်ကိုအကပ်နဲ့ ကျန်တစ်ဖက်ကိုတော့ ပုံမှာပြထားသလို ဆံပင်သားများများယူလိုက်ပါ။ အကပ်ယူထားတဲ့ဘက်ကို ကျစ်ဆံပြီးအသေးလေး ကျစ်လိုက်ရင် ချစ်စရာကောင်းသွားပြီပေါ့။

Ref:womenshealthmag.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...