Tuesday, August 5, 2014

ရာသီကြို International Champions Cup ပြိုင်ပွဲတွင် မန်ယူအသင်း ဗိုလ်စွဲ

နည်းပြသစ် ဗန်ဟားလ်လက်ထက် ပြင်ဆင်မှုများပြုလုပ်လာခဲ့သည့် မန်ယူအသင်းသည် ရာသီကြို ကလပ်အသင်းများ ခြေစမ်းပြိုင်ပွဲတစ်ခုဖြစ်သည့် International Champions Cup ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည်။

ယနေ့မနက် အစောပိုင်းက ယှဉ်ပြိုင်ခဲ့သော ICC ဗိုလ်လုပွဲ၌ မန်ယူအသင်းက လီဗာပူးလ်အသင်းကို (၃-၁)ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းက အသင်းခေါင်းဆောင်ဂျရတ်၏ ပယ်နယ်တီဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း မန်ယူအသင်းမှ ရွန်နီ၊ မာတာ၊ လူစားဝင်လူငယ်ကစားသမား လင်ဂတ်တို့၏ သွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲ၏ တန်ဖိုးအရှိဆုံးကစားသမားဆုကိုလည်း မန်ယူအသင်းတိုက်စစ်မှူး ရွန်နီကပင် ရရှိသွားခဲ့သည်။

Eleven Media Group


 ICC ဖလားနှင့်အတူ အောင်ပွဲခံနေသည့် ဟာရဲရား၊ ဒီဂီယာနှင့် မာတာ Photo-AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...