3-D browser
Tuesday, August 5, 2014
3-D browser ဆိုသည်မှာ ကြည့်ရှုသူ၏ screen ပေါ်တွင် virtual အခန်းတစ်ခု
ဖန်တီးပြီး ဝက်ဘ်စာမျက်နှာ ၆ ခုကို တစ်ပြိုင်နက် ကြည့်ရှု
အသုံးပြုနိုင်စေမည့် Web browser တစ်ခုဖြစ်သည်။

၎င်းသည် ဝက်ဘ်စာမျက်နှာ ၆ ခုကို ဖွင့်ပေးခြင်းအစား screen ကို minimize
ပြုလုပ်ပြီး စာမျက်နှာများအကြား အကူးအပြောင်း ပြုလုပ်နိုင်သည်။ ထို့အပြင်
သုံးစွဲသူကို မျက်နှာပြင် ၆ ခုရှိသည့် ကုဗတုံး၏ အလယ်တွင် ထိုင်နေသကဲ့သို့
ထင်မြင်စေပြီး ကုဗတုံး၏ ဘေးတစ်ဘက်တစ်ချက်စီတွင် ဝက်ဘ်စာမျက်နှာတစ်ခုစီ
ဖော်ပြပေးမည် ဖြစ်သည်။ ထို့ကြောင့် ကြည့်ရှုသူ၏ အရှေ့ဘက်၊ ဘေးနှစ်ဘက်၊
အပေါ်ဘက်၊ အောက်ဘက်နှင့် အနောက်ဘက်တွင် ဝက်စာမျက်နှာ ၆ ခုကို တွေ့မြင်ရမည်
ဖြစ်သည်။ ကုဗတုံးကို လှည့်ရန်အတွက် cursor ဖြင့် အသုံးပြုနိုင်သည်။
ကုဗတုံး၏ နှစ်သက်ရာ မျက်နှာပြင်ကို ကြည့်ရှုသူ၏ အရှေ့တွင် ထားကာ
အသုံးပြုနိုင်သည်။ ဝက်ဘ်စာမျက်နှာ အားလုံးပေါ်ရှိ link များသည်
အလုပ်လုပ်နိုင်သောကြောင့် စာမျက်နှာ တစ်ခုမှ အခြားတစ်ခုသို့ click နှိပ်ကာ
သွားရောက်နိုင်သည်။ ထို့အပြင် virtual Web room ၏ wall များကိုလည်း
ပြောင်းလဲနိုင်သည်။ အကယ်၍ စိတ်ဝင်စားသည့် အရာကို ကြည့်ရှုလိုပါက wall ကို
zoom feature ဖြင့် အကြီးချဲ့၍ flat screen ပေါ်တွင် သာမန် ဝက်စာမျက်နှာကို
ကြည့်ရှုသကဲ့သို့ ပြုလုပ်နိုင်သည်။
3-D Web browser ၏ အယူအဆကို 2ce ၏
ဗိသုကာနှင့် အမှုဆောင်အရာရှိချုပ်ဟောင်းဖြစ်သူ မိုက်ခ်ရိုဆန်က
တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
Internet Joirnal
0 comments:
Post a Comment