Wednesday, September 10, 2014

ကိုယ့်သူငယ်ချင်းအုပ်စုထဲမှာ သင်ဟာ ဖျတ်လတ်တက်ကြွဆုံးနဲ့ အရေးအပါဆုံးတစ်ယောက် ဟုတ်မဟုတ်ဆိုတာ


ကိုယ့်အုပ်စုထဲမှာ တစ်ခြားသူငယ်ချင်းတွေနဲ့ယှဉ်ရင် သင်ဟာ အမြဲတန်းလန်းဆန်းတက်ကြွပြီး သူငယ်ချင်းတွေအကုန်လုံးရဲ့ ချစ်ခင်မှုကို ရရှိသူတစ်ဦးလား ဆိုတာ ဒီအချက်လေးတွေက ပြောပြပေးပါလိမ့်မယ်။

၁။အပြင်သွားမယ်ဆို အမြဲအဆင်သင့်ပဲ။

သူငယ်ချင်းတွေက ဘယ်သွားမယ်၊ ညာသွားမယ် ချိန်းလိုက်တိုင်း တစ်ခြားလူတွေကသာ ငြင်းချင်ငြင်းမယ်၊ သင်ကတော့ ဘယ်တော့မှ မငြင်းဘူး။ အမြဲအဆင်သင့်ပဲ။

၂။တစ်ဖွဲ့လုံးက သင့်စကားနားထောင်တတ်ကြတယ်။

သူငယ်ချင်းတွေအားလုံး ဆုံးဖြတ်ချက်တစ်ခုခုချရတော့မယ်ဆို သင့်အကြံဥာဏ်ယူတတ်ကြတယ်။ သင်ကတည်း သူတို့အတွက် အမြဲစဉ်းစားပေးတတ်တယ်။

၃။သူငယ်ချင်းတွေ ဘယ်သူဘာဖြစ်နေသလဲဆိုတာ သင်သိတယ်။

ဘယ်သူကတော့ အိမ်နဲ့အဆင်မပြေဘူး၊ ဘယ်သူကတော့ ရည်းစားရသွားပြီ စတဲ့ သူငယ်ချင်းတွေရဲ့ နောက်ဆုံးသတင်းအချက်အလက်တွေ သင့်မှာ အကုန်ရှိတယ်။ ဘယ်သူဘာတွေဖြစ်နေသလဲ သင်အကုန်သိတယ်။

၎။ဘေးလူတွေကတော့ သင့်ကို အယောင်ဆောင်လို့ ပြောချင်ပြောလိမ့်မယ်။

အားလုံးနဲ့သင့်တင့်အောင် နေနိုင်တယ်ဆိုတာ အရည်အချင်းတစ်ရပ်ပါ။ သူတို့ကို အကောင်းမြင်ပေးပြီး အားလုံးနဲ့ သင့်မြတ်အောင် နေထိုင်နေတာကို ဘေးလူတွေကတော့ ဒါကို သံသယရှိကောင်းရှိပါလိမ့်မယ်။

၅။အားလုံးစုံတဲ့အခါ တစ်ခုခုလုပ်ကြဖို့ တိုက်တွန်းသူကလည်း သင်ပါပဲ။

သူငယ်ချင်းတွေ စုံကြပြီဆိုတာနဲ့ ငါတို့ ဘာလုပ်ရင်ကောင်းမလဲ၊ အားလုံးစုပြီး ဘာလုပ်ကြမလဲ၊ ဘယ်သွားကြမလဲဆိုတာကိုလည်း သင်ကပဲ အမြဲစပြီး ပြောတတ်ပါတယ်။

၆။သူငယ်ချင်းတွေရဲ့ ဆုံးဖြတ်ချက်၊ အကြံပေးတာကို အတတ်နိုင်ဆုံး သင်ယူတယ်။

အဖွဲ့ထဲက သူငယ်ချင်းတွေက သင့်ကို ဘာလုပ်ပါလား၊ အဲ့ဒီလို မဆုံးဖြတ်နဲ့ စတာတွေ အကြံပေးလာတဲ့အခါမှာလည်း သင်က အတတ်နိုင်ဆုံး သူတို့ပေးတဲ့ အကြံကို ယူတတ်တယ်။ မဖြစ်နိုင်ရင်တောင် အကောင်မွန်ဆုံး ပြန်ရှင်းပြတတ်တယ်။

၇။ကာရာအိုကေသွားရင် ပထမဆုံး မိုက်ကောက်ကိုင်တတ်တာ သင်ပဲ။

သင်က အားလုံးကို တက်ကြွစေဖို့ အစပျိုးပေးတတ်သူပေါ့။ ဒီလိုမနေနဲ့ ဒီလိုနေဆိုပြီး ပျော်ရွှင်မှုရှာဖွေတဲ့အခါ သင်ကအမြဲဦးဆောင်တတ်တယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...