Wednesday, September 10, 2014

iPhone 6 နဲ့ iPhone 6S


Apple ဟာ မနေ့က ၎င်းတို့ရဲ့ iPhone 6 နဲ့ iPhone 6S ကို မိတ်ဆက်ပြသခဲ့ ပါတယ်။ နှစ်ခု စလုံးဟာ မျက်နှာပြင် အရည်အသွေးနဲ့ အရွယ်အစားကလွဲလို့ ကျန်တာတွေ အားလုံးနီးပါး တူကြ ပါတယ်။ ဈေးကတော့ memory ချင်းတူရင် ဒေါ်လာ ၁၀၀ ကွာပါလိမ့်မယ်။

iPhone 6 ဟာ ၄.၇ လက်မ အရွယ်ရှိပြီး iPhone 6 Plus ကတော့ ၅.၅ လက်မ အရွယ် ရှိပါတယ်။ ကင်မရာ ကတော့ 8 MP iSight ကင်မရာ ဖြစ်ပြီး 1.5-micron pixels and ƒ/2.2 aperture တို့လည်း ပါဝင်ပါတယ်။ ကင်မရာ ပိုင်း ကတော့ အခြား အဆင့်မြင့် စမတ်ဖုန်းများနဲ့ ယှဉ်ရင် သာတယ်လို့ ပြောဖို့ ခက်ခဲ ပါတယ်။ မျက်နှာပြင် အရည်အသွေး ကတော့ Retina HD display ဖြစ်တာကြောင့် Apple ရဲ့ ရုပ်ထွက်ကြည်လင်မှု ဂုဏ်သိက္ခာကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ 64 bit architecture နည်းပညာ သုံး A8 Processor နဲ့ တွဲဖက် M8 motion coprocessor လည်း ပါဝင် ပါသေးတယ်။


လက်ဗွေ စနစ်ကတော့ မပါမဖြစ် ပါနေပါအုံးမယ်။ ပိုပြီးတော့ ထူးခြား လာတဲ့ အချက် တစ်ခုကတော့ Apple Pay ဖြစ်ပါတယ်။ ငွေပေးချေကဒ်များကို Passcode ထဲမှာ ထည့်ထားပြီး သုံးနိုင်မယ့် စနစ် ဖြစ်ပါတယ်။ မြန်မာပြည်မှာ ကတော့ အသုံးဝင်မှု ရှိလာဖို့ ကြာပါအုံးမယ်။ iPhone 6, iPhone 6Plus နဲ့ Apple Watch တို့မှာ အသုံးပြုနိုင်မယ့် စနစ် ဖြစ်ပါတယ်။ ဖုန်း မျက်နှာပြင် ကျယ်လာခြင်း၊ ပိုမို ပါးသွားခြင်း နဲ့ ဘေးအနား ဝိုင်းလာခြင်းတို့က အသွင်အပြင် အားဖြင့် ပြောင်းလဲမှုပါ။ နည်းပညာ ပိုင်းအရ တိုးတက်မှုကတော့ သိပ်မသိသာ ပေမယ့် ကျန်းမာရေးအတွက် Healths App မျိုး၊ ငွေပေးချေမှုအတွက် Apple Pay တို့ built in ပါဝင်တာမျိုးတို့ ကတော့ အသစ် ဖြစ်ပါတယ်။

ခန့်မှန်းဈေးနှန်းကတော့ -

iPhone 6 (Any color)
16GB - $649
64GB - $749
128GB - $849

iPhone 6 plus (Any color)
16GB - $749
64G - $849
128GB - $949

တို့ ဖြစ်ပြီး စက်တင်ဘာလ ၂၃ ရက်နေ့ကနေ စတင် မှာယူလို့ ရပြီ ဖြစ်ကြေင်း သိရ ပါတယ်။

Ref: Apple
အောင်ခမ်း - innewsmyanmar

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...