Tuesday, September 23, 2014

ညောင်ဦးမြို့ သမိုင်းဝင် ရွှေစည်းခုံ စွယ်တော်မြတ်စေတီတော်ကြီး၏ မြတ်စွယ်တော်အပူဇော်ခံ လှည့်လည်ပွဲနှင့် သင်ဘုဇ်ပလ္လင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်


ညောင်ဦး စက်တင်ဘာ ၂၂

ညောင်ဦးမြို့ သမိုင်းဝင် ရွှေစည်းခုံ စွယ်တော်မြတ်စေတီတော် ကြီး၏ မြတ်စွယ်တော် အပူဇော်ခံ လှည့်လည်ပွဲနှင့် သင်ဘုဇ်ပလ္လင်ပွဲတော်ကို မြို့ပေါ်ရပ်ကွက်ရှိ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာရောက် ကြသော မိဘပြည်သူများ ကြည်ညိုကိုးကွယ်နိုင်ရန်အတွက် မြန်မာသက္ကရာဇ် ၁၃၇၆-ခုနှစ်၊ သီတင်းကျွတ် လဆန်း ၃ ရက်၊ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ဆင်ရတနာ၊ မြင်းရတနာ၊ ဒေဝါဝင်း၊ ရာဇာဝင်းတို့ဖြင့် ပုဂံ/ညောင်ဦးမြို့တွင်း အပူဇော်ခံလှည့်လည်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ထိုသို့ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ သင်ဘုဇ်ပလ္လင်ပွဲတော်ကို စက်တင်ဘာ (၂၇ နှင့် ၂၈) ရက်နေ့များတွင် နှစ်စဉ်နှစ်တိုင်းနှင့်မတူ တမူထူးခြားစွာ ကျင်းပသွားရန် စီစဉ်ထားရှိကြောင်းနှင့် မိဘပြည်သူများ စိတ် အပန်းပြေစေရန် ပျော်ပွဲရွှင်ပွဲအဖြစ် သီတင်းကျွတ်လဆန်း (၃၊ ၄၊ ၅) ရက်နေ့ ညများတွင် သားကြီး လှိုင်ဘွားအောင် မန္တလေး ဗလာဇာတ်ပွဲဖြင့် ၃ ညတိုင်တိုင် ကပြဖျော်ဖြေ သွားမည်ဖြစ်ကြောင်း၊ မြို့/နယ်လုံးဆိုင်ရာ ဒေသခံပြည်သူများ အနေဖြင့် သမိုင်းဝင်ရွှေစည်းခုံစေတီမြတ် ကြီး၏မြတ်စွယ်တော်အပူဇော်ခံလှည့်လည်ပွဲနှင့် သင်ဘုဇ်ပလ္လင် ပွဲတော်ကို ယခင်နှစ်များနှင့် မတူ တမူထူးခြားစွာ ကျင်းပမည်ဆိုခြင်းကြောင့် တခဲနက်စည်ကားစွာ ကုသိုလ်ယူပါဝင် ဆင်နွှဲနိုင်ရန် စိတ်ဝင်စားစွာ စောင့်မျှော်လျက်ရှိကြကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...