Tuesday, September 23, 2014

ပြည်ကြီးတံခွန်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားနှင့်


ဘိန်းဖြူများ သိမ်းဆည်းရမိ
နေပြည်တော် စက်တင်ဘာ ၂၂

အမှတ်(၁ဝ၃)မူးယစ်တပ်ဖွဲ့စု နေပြည်တော် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် စက်တင်ဘာ ၂ဝ ရက်က ပြည်ကြီးတံခွန်မြို့နယ် ဗထူးလမ်းနှင့်မင်းရဲကျော်စွာလမ်းကြား(၅၁)လမ်း သင်ပန်းကုန်းရပ်ကွက်နေ စိုးမင်းထွန်း(ခ)အားရှန်၏ နေအိမ်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၂ ပြားနှင့် ဘိန်းဖြူ ၂ ဂရမ် သိမ်းဆည်း ရမိသဖြင့် စိုးမင်းထွန်း(ခ)အားရှန်(၂၄)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရအရေး ယူထားကြောင်း သတင်းရရှိသည်။ (ရဲပြန်ကြား)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...