Wednesday, September 24, 2014

ခြောက်နှစ် အရွယ်ကလေးမလေးရဲ့ အပြုအမူကြောင့် ကျောင်းသူအချို့ရှက်မိကြ


တရုတ်နိုင်ငံ၊ ဟွာဟောင်း တက္ကသိုလ်ကျောင်းဝင်းအတွင်း စားသောက်ဆိုင် ကန်တင်းမှ ဆိုင်ပိုင်ရှင်ရဲ့ အသက်ခြောက်နှစ်အရွယ်ရှိတဲ့ ကလေးငယ်တစ် ယောက် အရွယ်နဲ့မလိုက်အောင် သိတတ်မှုလေး အကြောင်းကို တရုတ်နိုင် ငံပိုင်သတင်းမီဒီယာတစ်ခုက သတင်း ဓာတ်ပုံရိုက်ရေးသားဖော်ပြထားပါ တယ်။
ဖခင်နဲ့သမီးနှစ်ဦးတည်းသာ ရှိတဲ့ ဒီဆိုင်လေးမှာ နေ့လည်ဘက်ကျောင်း သူကျောင်းသားတွေကန်တင်းမှာ စားသောက်ပြီးတဲ့အခါ ဒီကလေးမလေးက သူ့ရဲ့အသက်အရွယ်ကလေးနဲ့ မလိုက်လောက်အောင်ကို အလုပ်တွေဝိုင်း ကူပြီးလုပ်ကိုင်ပေးတာကိုမြင်တော့ အချို့ကျောင်းသူမလေးတချို့ကရှက်မိ ကြတယ်လို့ အင်တာဗျူး ဖြေဆိုကြပါတယ်။


တရုတ်ပြည်နယ်တချို့မှာရှိတဲ့ တက္ကသိုလ်ကျောင်းကန်တင်းတွေက စားပွဲ ထိုးငှားခိုင်းတဲ့ ဆိုင်တွေလို မဟုတ်တဲ့ဒီဆိုင်ကလေးမှာ ဆိုင်ပိုင်ရှင် ဖခင်ဖြစ် သူရဲ့ သမီးကလေးက အလုပ်တွေကို အမြဲတမ်းဝိုင်းကူပြီး လုပ်ပေးလေ့ရှိ တယ်လို့ သိရပါတယ်။ နောက်ပြီး လာရောက်စားသောက်ကြတဲ့ကျောင်း သားတွေများ လာကြလို့ရှိရင်လည်း သားအဖနှစ်ယောက် အလုပ်တွေရှုပ်နေ တတ်တာကို တွေ့ရပါတယ်။

စားပွဲဝိုင်းပေါ်က စားပြီးသားပန်းကန်တွေကို သိမ်းတယ်၊ စားကြွင်းစားကျန် တွေကို သိမ်းဆည်းတယ်။ တံမြက်စည်းလှည်းတယ်။ နောက် ပန်းကန်ဆေး တယ်။ စတဲ့ ဆိုင်နဲ့ပတ်သက်တဲ့ လက်တိုလက်တောက် အလုပ်တွေ အားလုံး ကို သူမကလေးက သိမ်းကြုံးပြီးလုပ်တာမြင်တော့ ကျောင်းသူမလေးတွေက ရှက်ကြတယ်လို့ဆိုပါတယ်။

ကျောင်းတက်နေတဲ့ ကျောင်းသားအချို့အဖွဲ့တွေက ဒီလိုမျိုးအဖြစ်အပျက် တွေမှာဆိုရင် ကူညီပေးဖို့အတွက် ကိုယ်ထူကိုယ်ထစနစ်ကလေးသတ် မှတ် ပြီးလုပ်ကိုင်တတ်ကြသော်လည်း တချို့သောကျောင်းသား အချို့ကတော့ ဒီလိုမြင်ကွင်းမျိုးကို ကြည့်ရက်ကြတယ်လို့လည်း ကျောင်းသားအချို့ပြော ထားပါတယ်။

phothutaw

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...