Wednesday, September 17, 2014

ဘာသာသာသနာညှိနွမ်းစေမှုဖြင့် တရားစွဲခံထားရသူ ရဲတိုက်ကို ၁၈ ရက်တွင် အမိန့်ချမည်


Wednesday, September 17, 2014

ဘာသာ၊ သာသနာကို ညှိနွမ်းစေမှုပုဒ်မ ၂၉၅၊ ၂၉၅(က) ဖြင့် အရေးယူခံထားရသော သရုပ်ဆောင်ရဲတိုက်ကို ဗိုလ်တ ထောင်မြို့နယ် တရားရုံးက စက် တင်ဘာ ၁၈ ရက်တွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
၂၀၁၃ ခုနှစ် မေ ၂၈ ရက် တွင် ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန် ကျောင်းသို့ သွားရောက်ကာ မဖွယ်မရာပြုလုပ်ခဲ့ခြင်းကြောင့် ဗိုလ်တထောင်မြို့နယ် တရားရုံး က ဘာသာ၊ သာသနာကို ညှိနွမ်း စေမှုပုဒ်မ ၂၉၅၊ ၂၉၅ (က) ဖြင့် အရေးယူထားခြင်းဖြစ်သည်။

သရုပ်ဆောင်ရဲတိုက်ကို စက်တင်ဘာ ၁၆ ရက်က အပြီး သတ်အမိန့်ချရန် ဗိုလ်တထောင် တရားရုံးတွင် ရုံးထုတ်စစ်ဆေး ရာ စစ်ဆေးရန် ကျန်ရှိနေသော ကြောင့် အမိန့်ချမှတ်ခြင်းမရှိဘဲ စက်တင်ဘာ ၁၈ ရက်၌ ထပ်မံ ချိန်းဆို၍ ထိုနေ့တွင် အပြီးသတ် အမိန့်ချမှတ်မည် ဖြစ်ကြောင်း ဗိုလ်တထောင်တရားရုံးမှ စုံစမ်းသိရှိရသည်။ သရုပ်ဆောင် ရဲတိုက်သည် စက်တင်ဘာ ၁၆ ရက်က ရုံးထုတ်အပြီးတွင် ဗိုလ်တ ထောင်တရားသူကြီးကို ယုံကြည်ကြောင်း မီဒီယာများအား ပြော ကြားသွားခဲ့သည်။

ရဲတိုက်သည် ၂၀၁၃ ခုနှစ် ဇူလိုင် ၂၅ ရက်က ဆေးခြောက် ဟု ယူဆရသော အရွက်အနည်း ငယ်ကို လက်ဝယ်တွေ့ရှိ၍ ပဲ ခူးတိုင်းဒေသကြီး၊ ကျောက်တံ တား မြို့နယ်တရားရုံးက မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ တတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ)ဖြင့် အ ရေးယူခဲ့သည်။ ထိုပုဒ်မဖြင့်ပင် ရဲတိုက်ကို ယခုနှစ်ဧပြီလ ၇ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့သည်။ ထိုသို့ ချမှတ်သောကြောင့် အယူခံဝင် ရာ ထောင်ဒဏ်တစ်နှစ်လျှော့ပေါ့ပေးခဲ့ပြီး စုစုပေါင်း ငါးနှစ်ချမှတ် ခံခဲ့ရသည်။

တရားရုံးမှပြန်ထွက်လာသော မင်းသားရဲတိုက်ကို စက်တင်ဘာ ၁၆ ရက်ကတွေ့ရစဉ်(ဓာတ်ပုံ − ဇွဲဉာဏ်)
7Day Daily

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...