Thursday, September 11, 2014

ကလေးငါးဦးအား သတ်ဖြတ်မှုဖြင့် ဖခင်ဖြစ်သူကို သံသယနှင့်ဖမ်း


မစ္စစ္စပီ စက်တင်ဘာ ၁ဝ

ကလေးငါးဦးကို သတ်ပြီး အခြားပြည်နယ်တစ်ခု၌ စွန့်ပစ်ခဲ့မှုဖြင့် အမေရိကန်ဖခင်တစ်ဦးအား သံသယရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

တင်မိုသီရေးဂျုံးစ်ဆိုသူသည် ၎င်းနေထိုင်ရာ တောင်ကယ်ရိုလိုင်း နားပြည်နယ်၌ စွဲချက်များစွာကို ရင်ဆိုင်နေရကြောင်း အေပီသတင်း တစ်ရပ်တွင် ဖော်ပြသည်။

၎င်းအား စနေနေ့က မစ္စစ္စပီ၌ ဆက်စပ်မှုမရှိသော စွဲချက်များဖြင့် ဖမ်းဆီးလိုက်ပြီဖြစ်သည်။ အဆိုပါ ကလေးများသည် အသက်တစ်နှစ် အရွယ်မှ ရှစ်နှစ်အရွယ်ရှိပြီး ၄င်းတို့သည် ဗုဒ္ဓဟူးနေ့က ပျောက်ဆုံးသွားခဲ့ကြောင်း၊ ယင်းတို့၏ မိခင်ဖြစ်သူက သူမ၏ခင်ပွန်းဟောင်းနှင့် အဆက်အသွယ်မရကြောင်း ရဲတပ်ဖွဲ့သို့ ပြောကြားသည်။

အာဏာပိုင်များက အဆိုပါကလေးများအား အင်္ဂါနေ့က တစ်နေကုန်ရှာဖွေပြီးနောက် အလာဘားမားအဝေးပြေးလမ်းမကြီးအနီး၌ မြှုပ်ထားသည့် ကလေးများကို တွေ့ရှိခဲ့ရသည်ဟု ဒေသဆိုင်ရာ မီဒီယာသတင်းတွင် ဖော်ပြသည်။ 

မစ္စတာဂျုံးစ်က စုံစမ်းစစ်ဆေး ရေးမှူးများကို ကလေးများမြေမြှုပ်ထားသည့်နေရာသို့ လိုက်လံပြသခဲ့ကြောင်း အလာဘားမား ပြည်သူ့လုံခြုံရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ တပ်ကြပ်ကြီး စတိမ်ဂျာရက်တ်က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားသည်။

မစ္စတာဂျုံးစ်အား စနေနေ့က စစ်ဆေးရေးဂိတ်တစ်ခု၌ ရပ်တန့်စစ်ဆေးခဲ့ပြီး မူးယစ်ဆေးဝါးမှု နှင့်ပတ်သက်၍ ဖမ်းဆီးထားသည်။ 

(ဘီဘီစီ)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...