Thursday, September 11, 2014

မလေးရှား လေယာဉ် MH 17 လေယာဉ်သည် ပြင်ပမှ လာသော ရိုက်ခတ်မှုကြောင့် ပျက်ကျခြင်း ဖြစ်


Thursday, September 11, 2014

မလေးရှားလေကြောင်းလိုင်းလေယာဉ် MH17 သည် ပြင်ပမှ အပိုင်းအစများ အစုအပြုံ ရိုက်ခတ်မှုကြောင့် ယူကရိန်း နိုင်ငံပေါ်တွင် ပျက် ကျခဲ့ခြင်း ဖြစ်သည်ဟု Dutch Safely Board အဖွဲ့က ပြောကြားခဲ့သည်ဟု စက်တင်ဘာလ ၁၀ ရက်က ရိုက်တာ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။ ယင်းအစီအရင်ခံစာတွင် မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇတ်နှင့် တခြား ကျွမ်းကျင်သူများက ၎င်းမှာ မြေပြင်မှ ပစ်ချခံရခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

ရုရှလိုလားသော သူပုန်များ ထိန်းချုပ်ထားသည် ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ဇူလိုင် ၁၇ ရက်က ပျက်ကျခဲ့သော လေယာဉ်တွင် လူပေါင်း ၂၉၈ ဦး သေဆုံးခဲ့ပြီး၎င်း၏ သုံးပုံ နှစ်ပုံမှာ နယ်သာလန် နိုင်ငံသားများ ဖြစ်သည်။

ယူကရိန်းနှင့်အနောက်တိုင်း နိုင်ငံများက ၎င်းမှာ ရုရှလိုလားသော သူပုန်များက အဆင့်မြင့် ရုရှလုပ် ဒုံးကျည်ဖြင့် ပစ်ချခဲ့သည်ဟု စွပ်စွဲထား သည်။

သူပုန်ခေါင်းဆောင်များကမူ ၎င်းတို့၏ တပ်တွင် ထိုသို့သော လက်နက်များ မရှိဟု ထပ်မံငြင်းဆိုထားသည်။

အစီအရင်ခံစာက ဆိုရာတွင် MH17 သည် စွမ်းအားမြင့် ပြင်ပမှ အပိုင်းအစများ ရိုက်ခတ်မှုကြောင့် ပျက်ကျခဲ့ခြင်းသာ ဖြစ်ပြီး လေယာဉ်မှာ
နည်းပညာအမှားအယွင်း၊ လေယာဉ် လုပ်သားများ၏ အမှားအယွင်းကြောင့် မဟုတ်ဟု ဆိုထားသည်။

အစီအရင်ခံစာက ဒုံးကျည်ဟု တိုက်ရိုက် မပြောဆိုသော်လည်း ယင်းအပိုင်းအစများမှာ ဒုံးကျည် ထိပ်ဖူးမှ လေထဲတွင်ရှိ ပစ်မှတ်ကို ထိခိုက်လွင့် စင်အောင် လုပ်ဆောင်ထားခြင်း ဖြစ်သည်ဟု ဂျိမ်းကာကွယ်ရေး လစဉ် မဂ္ဂဇင်းကလည်း ဆိုသည်။

Ref:Reuters

Mizzima

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...