Wednesday, September 17, 2014

ချောက်ကမ်းပါးက အိမ်


ပုံမှာ မြင်တွေ့ နေရတဲ့ အိမ်ကို ဒီဇိုင်း ဖန်တီးသူကတော့ သြစတေးလျ လူမျိုး ဒီဇိုင်နာ တစ်ဦး ဖြစ်ပါတယ်။ သူ့ကို ချောက်ကမ်းပါး အိမ် (Cliff House) လို့ အမည်ပေးထား ပါတယ်။
ငါးထပ် ပါဝင်ပြီး သြစတေးလျနိုင်ငံ အနောက်မြေက် ကမ်းရိုးတမ်း က ကျောက်ဆောင် မှာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ အိန္ဒိယ သမုဒ္ဒရာကို မျက်နှာမူထားတဲ့ အိမ် ဖြစ်ပါတယ်။ ဖန်နဲ့ တည်ဆောက်ထားပေမယ့် အကြမ်းခံ၊ မုန်တိုင်းခံနိုင်ပါတယ်။ အကယ်၍ ရေကြီး ခဲ့ရင်တောင် ရေအိမ်ထဲ မဝင်နိုင်အောင် ဖန်တီးထားပါတယ်။ ငါးထပ် ပါဝင်တဲ့ အဆောက်အအုံ ဖြစ်ပြီး အပေါ်ဆုံးက ကားပါကင် ဖြစ်ပါတယ်။ အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာ၊ ဧည့်ခန်း အပြင် အခြားသော အခန်းများစွာ ပါဝင်ပါသေးတယ်။

ဒီဇိုင်းအားဖြင့် ဆွဲထားပေမယ့် အမှန်တကယ် တည်ဆောက်မှာပါ။ မိသားစု တစ်ခု နေထိုင်ဖို့ အတွက် ကတော့ ကျယ်ဝန်းပါတယ်။ မြေငလျင်၊ လေမုန်တိုင်း၊ လှိုင်းဒဏ်တို့ကိုလည်း ခံနိုင်ရည် ရှိပါတယ်။ အသေးစိတ်ကိုhttp://www.dailymail.co.uk/travel/travel_news/article-2749023/Concept-house-pinned-cliff-Australia-unrivalled-views-Indian-Ocean.html မှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...