Monday, September 8, 2014

ရီးယဲလ်မက်ဒရစ်မှာ ဘိုင်ယန်ထက်ကောင်းသော အသင်းဖြစ်ကြောင်း တိုနီခရုစ်ပြောကြား


လက်ရှိ ချန်ပီယံလိဂ်ချန်ပီယံ ရီးယဲလ် မက်ဒရစ်အသင်းသည် ၂ဝ၁၂-၂ဝ၁၃ ဘောလုံးရာသီက ချန်ပီယံလိဂ်ဖလား ဆွတ်ခူးထားနိုင်ခဲ့သည့် ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်း ထက်ကောင်းသော အသင်းဖြစ်ကြောင်း ကွင်းလယ်ကစားသမားတိုနီ ခရုစ်က ပြောကြားခဲ့သည်။ 

ကွင်းလယ်ကစားသမား တိုနီခရုစ်သည် ၂ဝဝ၇ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့လာခဲ့ သူဖြစ်ပြီး ယခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေးယူရိုသန်း ၃ဝ နီးပါးဖြင့် ဘာနေဗျူးသို့ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။

တိုနီခရုစ်အနေဖြင့် ကမ္ဘာ့အင်အားကြီးကလပ်အသင်းနှစ်သင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်တို့နှင့်အတူ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အဆိုပါကလပ်အသင်းနှစ်သင်းအား နှိုင်းယှဉ်ကာ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်ကစားသမား အလွန်ဆိုသည် ယူရို ၁ဝ သန်းဖြင့် ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိတွင် ဘိုင်ယန်မြူးနစ်အသင်းအား အထောက်အပံ့ပေးလိမ့်မည်ဖြစ်ကြောင်း လည်းသိရသည်။ ထို့ကြောင့် အလွန်ဆိုသည် သာမန်ထက်ပိုသော စွမ်းဆောင်ရည်ရှိသည့် ကစားသမား တစ်ဦးဖြစ်ကြောင်း တိုနီခရုစ်က ပြောကြားခဲ့သည်။

ငွေကြယ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...