Friday, September 12, 2014

အသည်းပျက်စီးနေပြီ ဆိုတာ သိသာစေတဲ့ လက္ခဏာ (၄) မျိုး


သင်ဟာ အချိန်ရှည်ကြာစွာ အသောက်အစားနွံထဲက ရုန်းမထွက်ဘဲ ရှိနေမယ်ဆိုရင် သင့်ရဲ့ ကျန်းမာရေးနဲ့ ဘဝပျော်ရွှင်မှုအပေါ် စိတ်အနှောက်အယှက်ဖြစ်စရာ အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ခန္ဓာကိုယ်က ပြလာတဲ့ အထူးရောဂါ လက္ခဏာတွေကို သင် သတိထားမိတယ်ဆိုရင် အသောက် အစား ရပ်တန့်ဖို့ အချိန်ရောက်နေပြီဆိုတာ သိလိုက်ပါတော့။ ဒီတော့ သောက်စားတတ်တဲ့သူတွေ ဖြစ်တတ်တဲ့ အသည်းရောဂါလက္ခဏာတွေအကြောင်း နည်းနည်းပြောပြပေးချင်ပါတယ်။

အရက်ကို အငမ်းမရ သောက်စားခြင်း

အရက်အလွန်အကျွံသောက်စားခြင်းက သင့်ရဲ့အတွေးစိတ်ကူးတွေ (သို့) ခံစားချက်တွေကို အားနည်းလာစေနိုင်ပါတယ်။ ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် ဗိုက်သားအဆီအဖြစ် ပြောင်းလဲ သွားလေ့ရှိပါတယ်။

ပင်ပန်းနွမ်းနယ်ခြင်း

အထူးသဖြင့် အရက်သေစာကြောင့် အကျိုးဆက်ဖြစ်လာတဲ့ အစာအဟာရတွေထဲက တစ်ခုက B12 ၊ အမောခံနိုင်ရည်ကင်းမဲ့ခြင်းနဲ့ အများအားဖြင့် ဖြစ်တတ်တဲ့အခြေနေအရပ်ရပ်တွေကတော့ ခေါင်းကိုက်ခြင်းနဲ့ ဇဝေဇဝါ စိတ်ရှုပ်ထွေးမှုတွေပဲ ဖြစ်ပါတယ်။

ဆံပင်သားနဲ့ လက်သည်းခြေသည်း ကျိုးပဲ့ပျက်စီးခြင်း

အရက်သေစာသောက်စားခြင်းမှာ သင့်ဆံပင်သားတွေနဲ့ ခြေသည်းလက်သည်းတွေ ကျိုးလွယ်ပျက်လွယ်ဖြစ်လာစေနိုင်တဲ့ ရေဓာတ်ခန်းခြောက်မှု အကျိုးဆက်တစ်ခုရှိပါတယ်။ ဆံပင်နဲ့ ခြေသည်း လက်သည်းနှစ်ခုစလုံးဟာ ကျန်းမာသန်စွမ်းနေဖို့ ရေဓာတ်အလုံလောက်ရရှိမှုပေါ် မှီတည်နေ ပါတယ်။

စိုးရိမ်ကြောင့်ကျဖြစ်ခြင်း

သင့်ခန္ဓာကိုယ်က အရက်ကို အစာအာဟာရအဖြစ် ပြောင်းလဲပြီး အသွေးသားထဲရောက်သွားတဲ့အခါ စိုးရိမ်ပူပန်တတ်တဲ့စိတ်၊ စိတ်ချောက်ချားခြင်းနဲ့ လွယ်လင့်တကူ အမျက်ဒေါသထွက်ခြင်းတွေဖြစ်စေနိုင် ပါတယ်။

Source: womenshealthmag

Trend Myanmar

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...