ငါးနှစ်သား ကလေးတစ်ဦးရဲ့မျက်လုံးကို ဇွန်းတစ်ချောင်းနဲ့ ဖောက်ထုတ်မှုကြောင့် မအေဖြစ်သူ အပါအဝင် ဆွေမျိုးငါးယောက်ကို မက္ကဆီကို နိုင်ငံမှာ ထောင်ချလိုက်ပါတယ်။
DailyMail ရဲ့ဖော်ပြချက်အရ သူတို့ဟာ ဓလေ့ထုံးတမ်းပွဲ တစ်ပွဲဖြစ်တဲ့ စေတန်နတ်ဆိုးပွဲကို ကျင်းပနေကြတာဖြစ်ပါတယ်။
ဒီပွဲမှာ ဝိုင်းပတ်ကနေကြရင်း ကလေးဖြစ်သူ Fernando Caleb Alvarado Rios ကို မျက်လုံးမှိတ်ဖို့ ပြောပါတယ်။
ဒါပေမဲ့ ကလေးဖြစ်သူဟာ ကြောက်နေတာကြောင့် မျက်လုံးကို မပိတ်ရဲဘဲဖြစ်နေပါတယ်။
ဒီအခါမှာ မအေဖြစ်သူ Maria del Carmen Garcia Rios အပါအဝင် အဘိုးအဘွား၊ ဦးလေးနဲ့ အဒေါ်များက သူရဲ့မျက်လုံးကို ဖောက်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။
Recovering: The child, pictured playing with Mexico state governor, now has glass eyes and is in care
အော်သံ ဟစ်သံများကြောင့် ရောက်လာတဲ့ အိမ်နီးနားချင်း များဟာ ကလေးဖြစ်သူ အော်ငိုနေတာ ကိုတွေ့ခဲ့ကြပြီး ဒီမိသားစုကို ဖမ်းဆီးခဲ့ပါတယ်။
ဖြစ်ရပ်ဟာ မေလ ၂၀၁၂ က ဖြစ်ပွားခဲ့တာဖြစ်ပြီး တရားရုံးက ဒီမိသားစုကို ထောင်ဒဏ် နှစ် ၃၀ စီ အသီးသီး ကျခံရန် မနေ့က အမိန့်ချမှတ်ခဲ့ပါတယ်။
ဒီမိသားစုဟာ Nezahualcoyotl မြို့က ဖြစ်ပြီး အိမ်နီးနားချင်းဖြစ်သူ Joaquin Arguello က တရားရုံးမှာ ထွက်ဆိုရာမှာ “ ကျွန်တော်တို့ အသံတွေကြားတော့ တံခါးကိုထုတာ ဘယ်သူမှ ပြန်မဖြေဘူး။ ကင်းလှည့် လာတဲ့ ရဲကားတစ်စီးက ဖြတ်သွားတော့ ကျွန်တော်တို့ထဲက မိန်းမတစ်ယောက်က ပြေးထွက်သွားပြီး တားတယ်။ အရာရှိတွေက အထဲကို အတင်းဝင်တော့တာပဲ”လို့ ပြောကြားခဲ့ပါတယ်။
သူတို့ဝင်သွားတဲ့အခါမှာ မိန်းမနှစ်ယောက်ဟာ သွေးတွေပေနေပြီး နတ်ဆိုးအဝတ်အစား ဝတ်ထားတဲ့ လူတွေက အော်နေတဲ့ ကလေးအပေါ် အုပ်မိုးထားတာကို တွေ့ခဲ့ရတယ်လို့ ရဲဖြစ်သူ Benet Curiel က သူတို့မြင်ခဲ့ရတဲ့ ပုံစံကို ပြန်လည်ပြောပြခဲ့ပါတယ်။
လက်ရှိမှာ ကလေးဖြစ်သူ Fernando ဟာ ဖန်မျက်လုံးနဲ့ အစားထိုး နေထိုင်နေပါတယ်။
phothutaw
0 comments:
Post a Comment