တရုတ်နိုင်ငံမှာ ကမ္ဘာ့ သက်တမ်း အကြာဆုံး ငါး အမျိုးအစား တစ်ခုဖြစ်တဲ့ Chinese sturgeon ငါးတွေ မျိုးတုန်း ပျောက်ကွယ်နိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ တရုတ်နိုင်ငံ သတင်း မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
ညစ်ညမ်းမှု ဖြစ်နေတဲ့ ယန်ဇီ မြစ်ထဲမှာ မနှစ်တုန်းက အဲဒီ ရှားပါး ငါးမျိုး တစ်ကောင်မှ သဘာဝ အတိုင်း မျိုးပွားတာ မတွေ့ခဲ့ရဘူးလို့လည်း ဆိုပါတယ်။
နှစ်ပေါင်း သန်း ၁၄၀ ကျော် ရှင်သန်ခဲ့တဲ့ Chinese sturgeon ငါးတွေဟာ ၁၉၈၀ ပြည့်လွန် နှစ်တွေမှာ ကောင်ရေ ထောင်နဲ့ ချီပြီး ယန်ဇီမြစ်ထဲမှာ ရှိခဲ့ရာက အခုတော့ ကောင်ရေ တစ်ရာ လောက်ပဲ ကျန်တော့တယ်လို့ သုတေသီတွေက ပြောပါတယ်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေကတော့ ယန်ဇီမြစ်ပေါ်မှာ တည်ဆောက်တဲ့ ဆည်ကြီးတွေ၊ တမံကြီးတွေကြောင့် sturgeon ငါးတွေရဲ့ ရှင်သန် ကျက်စားမှု သဘာဝ ပျက်စီးသွားရပြီး ခုလို မျိုးတုံးမယ့် အန္တရာယ် ကြုံလာရတာ ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။
0 comments:
Post a Comment