Friday, September 19, 2014

တစ်နှစ်မှ တစ်ယောက်သာ ထွန်းပေါက်တဲ့ ခေတ်ကဂန္ထဝင်


အနုပညာ လောကမှာ ခဏတာ အောင်မြင်ပြီး ရေရှည် အောင်မြင်မှုကို မထိန်းသိမ်းနိုင်သည့် အနုပညာ များစွာ ရှိသည်။ ၁ဝ စုနှစ် တစ်ခုထိ အောင်မြင်ပြီး ယနေ့ ထိ အောင်မြင်နေဆဲ မင်းသမီး ဂန္ထဝင်က အောင်မြင် မှုနှင့် ကျဆုံးမှုကြား က ထိန်းသိမ်းမှု အကြောင်းကို ယခုလိုပြောပြသည်။တစ်နှစ်မှ တစ်ယောက်ထွန်းပေါက်
အစ်မ တို့တုန်းက အပြိုင်အဆိုင် လုပ်ကြပေမယ့် တစ်နှစ်မှာ တစ်ယောက်လောက်ပဲ ထွန်းပေါက်နိုင်တယ်။ အဲဒီလို ထွန်းပေါက်နိုင်ပြီ ဆိုရင် တစ်နိုင်ငံလုံး အတိုင်း အတာ နဲ့ အောင်မြင် တယ်။ အခုက အပြိုင်အဆိုင် ကလည်းများ ပွဲကလည်း များလာ တယ်။ တချို့က မထွန်းပေါက်နိုင်ဘူး။
ထိန်းသိမ်းဖို့လျှို့ဝှက်ချက်
အဲဒီလို ထွန်းပေါက်နိုင်ပြီး ကိုယ့် နေရာကိုယ် ထိန်းသိမ်းတဲ့ အခါမှာ လျှို့ဝှက်ချက်က ကြိုးစား အားထုတ်မှု၊ ပေါင်းသင်း ဆက်ဆံရေးပါ။ အဲဒီဟာတွေ အပြင် အခြားသော အရာတွေ အများကြီး လိုအပ်တယ်။
ရွေးချယ်စရာများ
အခုက ရွေးချယ်စရာတွေ များတော့ ကိုယ်က တစ်ခုအပေါ်မှာပဲ အာရုံစိုက်နိုင်ဖို့ လိုတယ်။ အခုခေတ် လူငယ်တွေက အခွင့်အရေး ပိုရကြပါတယ်။ ကြိုးစား စေချင်တယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...