သီချင်းတွေ လုပ်ဖြစ်နေပေမယ့် လည်း တစ်ကိုယ်တော် အခွေကတော့ ထွက်ဖို့ မစဉ်းစားသေးဘူး လို့ အနဂ္ဂ က ဆိုပါတယ်။ ဒီနှစ်ပိုင်းတွေမှာ ဂီတ လှုပ်ရှားမှုတွေ ငြိမ်နေ တဲ့ အနဂ္ဂက နောက်ထပ် တစ်နှစ်လောက်လည်း ငြိမ်နေဦး မှာဖြစ်ကြောင်း ပြောပါတယ်။ ဂီတ လှုပ်ရှားမှုတွေ တစ်နှစ်လောက် ထပ်ငြိမ်နေမယ့် အကြောင်းက ၂ဝ၁၅ ရွေးကောက် ပွဲကြောင့်လားလို့ အနဂ္ဂ ကိုမေးတော့…“၂ဝ၁၅ ရွေးကောက်ပွဲ က ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ အဲဒါ နဲ့တော့ ကျွန်တော့် သီချင်းကိစ္စနဲ့ မဆိုင်ပါဘူး။ ဒါပေမဲ့ အဲ့ဒီအနီးအနား မှာတော့ တစ်ခွေ ထွက်လာ ဖို့တော့ ရှိပါတယ်။ တစ်ကိုယ်တော် အခွေ လား၊ အတွဲခွေလား ဆိုတာကိုတော့ အဲဒီကာလ ရောက်ရင် ပြောပြပါမယ်။ တစ်ယောက်တည်း ပဲဖြစ်မလား၊ စု ပေါင်း စပ်ပေါင်း ပဲ ဆိုဖြစ်မလားပေါ့။ သီချင်းတွေ ကတော့ သူငယ်ချင်းတွေ နဲ့ လုပ်တော့ လုပ်နေကြပါပြီ။ အခြေ အနေ အချိန်အခါပေါ် မူတည်ပြီးပဲ ဖြစ်လာမှာပါ။ ကျွန်တော် လုပ်ထား တာ လေးတွေ ကိုတော့ ပရိသတ်တွေ ကို ပေးပြီး နားထောင်ချင်တယ်။ အခွေ ဝယ်ပြီးပဲ နားထောင်၊ Download ဆွဲ ပြီးပဲနားထောင် ဘယ်လို ပုံစံနဲ့ ပဲဖြစ် ဖြစ် နားထောင်ပါ” လို့ ပြောပြပါတယ်။
အနဂ္ဂက ၂ဝ၁၁ လောက်မှာ တစ်ကိုယ်တော် အခွေထွက်ဖို့ အတွက် စီ စဉ်ထားခဲ့ပြီး ပရိုဂျူဆာ လက်ထဲကို အခွေအပ် လိုက်ပေမယ့်လည်း အခွေ က ထွက်လာခြင်း မရှိတဲ့ အတွက် သီချင်းတွေ ကဟောင်းသလို ခံစားလာရ တဲ့အတွက် သီချင်းတွေကို မေ့ထား လိုက်ပြီး သီချင်း အသစ်တွေကို ပြန်လည် လုပ်နေရကြောင်း အနဂ္ဂက ပြော ပါ တယ်။
“သီချင်းတွေကို နှမြောတော့ နှမြောပါတယ်။ ဒါပေမဲ့ ကျွန် တော်တို့ ဖန်တီးခဲ့တဲ့ အချိန်တုန်းက စာပေ စိစစ်ရေးက ရှိသေးတာကိုး။ အခုကျတော့ စာပေ စိစစ်ရေး မရှိ တော့ပေ မယ့်လည်း ကိုယ့် ဘာသာကိုယ် တာဝန် ယူရမယ့် အပိုင်း တွေ ရှိတာကိုး။ စာ ပေ စိစစ်ရေး မရှိ တော့လို့ ညစ် ပတ်စာ သား မျိုး တွေ ဆို ချင်တဲ့ ပုံစံ မျိုး မဟုတ်ဘူး။ စာပေ စိစစ်ရေး မ ရှိ ပေ မယ့် လည်း ကိုယ်ဘယ်လို ပုံစံမျိုး လုပ်သင့် တယ်။ ဆိုသင့်တယ် ဆို တာမျိုးကို ကိုယ့် ဘာသာ ကိုယ်ပြန် စဉ်း စားပြီးတော့ပဲ လုပ် ရမှာပါ”လို့ မထွက်ဖြစ်ခဲ့တဲ့ သီချင်းတွေ နဲ့ပတ် သက်ပြီး အနဂ္ဂက ပြော ပါတယ်။
Popular

0 comments:
Post a Comment