Tuesday, September 30, 2014

လူ့ငရဲမြို့တော်လို့ တင်စားထားတဲ့ ဂါဇာကမ်းမြောင်ဒေသ


ပုံမှာ မြင်တွေ့နေရတဲ့ မြို့ဟာ ဂါဇာ ဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်း နေ့တိုင်းနီး ပါးလောက် မီးခိုးပြည့်တလူလူ ပျံနေခဲ့ ပါတယ်။ ကမ္ဘာပေါ်မှာ စိတ်ဆင်းရဲဖို့ အကောင်းဆုံး နိုင်ငံ စာရင်းထဲမှာ ထိပ်ဆုံးပါရှိပြီး ဂါဇာကို လူ့ပြည်က ငရဲလို့တေင် တင်စားထားပါတယ်။
လူဦးရေ ၁သိန်းခွဲကျော် နေထိုင်ပြီး နေ့တိုင်း စစ်ရဲ့ ဘေးဒဏ်ကြောင့် ပညာရေး၊ စီးပွားရေး ဘာမှ မတွင်ကျယ်ပဲ နေ့စဉ် စစ်ဘေး အသံများသာ ကြားနေရ ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို ပါလက်စတိုင်း တို့က နိုင်ငံတစ်နိုင်ငံအဖြစ် ထူထောင်ရန် ကြိုးပမ်းကတည်းက အစ္စရေးနဲ့ စစ်ဖြစ်နေခဲ့တာပါ။ စတုရန်းမိုင် ရာဂဏန်းသာ ကျယ်ဝန်းတဲ့ ယင်းဒေသဟာ တူရကီနဲ့ ပါလက်စတိုင်းကို နယ်နိမိတ် ထိစက်နေခြင်း ဖြစ်ပါ တယ်။ Hamas အမည်ရ ပါလက်စတိုင်း လူမျိုး အဖွဲ့မှ ကြီးစိုးပြီး စစ်လက်နက်ထောက်ပံ့မှုကို တူရကီ၊ အီရန်တို့မှ ရရှိတယလို့ ယူဆ ထားကြ ပါတယ်။ ပါလက်စတိုင်း နိုင်ငံ တည်ထောင်ခွင့်ကို ကုလက ခွင့်ပြုပေမယ့် အစ္စရေးနဲ့ကတော့ စစ်ဖြစ်နေဆဲ ပါပဲ။ အစ္စရေးကို မြေပုံထဲ က ပျောက်အောင် ရှင်းပစ်မယ်လို့ အီရန်က ကြိမ်းဝါးဖူးတာကြောင့် အကယ်၍ ဂါဇာကိုသာ လွတ်လပ်ခွင့်ပေးလိုက်ရင် အစ္စရေး အတွက်လည်း စိုးရိမ်စရာ အများကြီး ရှိပါတယ်။ ဒါကြောင့်လည်း အစ္စရေးနဲ့ ပါလက်စတိုင်း စစ်ဟာ ဘယ်တော့မှ မပြီးဆုံး နိုင်ခြင်း ဖြစ်ပါတယ်။ အင်အားကတော့ အစ္စရေးက သိသိသာသာကို သာနေခြင်းပါ။

ဒီလိုနဲ့ပဲ ဂါဇာမှာ အပြစ်မယ့် ပြည်သူ သန်းချီဟာ ခိုကိုးရာ မဲ့နေပြီး ဘယ်နေ့ သေရမလဲ ဆိုတာ ကိုသာ စောင့်ဆိုင်းနေရသလို ဖြစ်နေ ပါတယ်။ ခေတ်အဆက်ဆက် အသိမ်းပိုက်ခံထားရတဲ့ ဂါဇာ ကမ်းမြောင်ဒေသ အကြောင်းကိုhttp://en.wikipedia.org/wiki/Gaza_Strip မှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...