ကျပ် သိန်းပေါင်းတစ်သောင်းနှစ်ထောင် ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား လေးသိန်းကျော်ကို ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ်တွင် စက်တင်ဘာ ၂၇ရက်က ပိုင်ရှင်မဲ့သိမ်းဆည်းရမိ ခဲ့ပြီး တရားခံများကို အမြန်ဆုံးဖော် ထုတ်နိုင်ရန်ဆောင်ရွက်နေကြောင်း မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှရဲ မှူးမြင့်သောင်း က ပြောသည်။
ယင်းနေ့ညနေ၄နာရီခန့်က မြောက်ဦးမြို့နယ်၊ ညောင်ပင်ဈေး ရပ်ကွက် နန်းတော်ကုန်း ပထမထပ် ရှိ ချုံပုတ်တစ်ခုအတွင်းမှ အချင်း တစ်ပေခွဲ၊ အမြင့်၂ပေရှိသည့်ဝါး ခြင်းတောင်းအတွင်းတွင် ပလတ်စတစ် အထုပ်များဖြင့် ထုပ်ထားသည့် စိတ် ကြွဆေးပြား စုစုပေါင်း လေးသိန်း တစ်သောင်း သုံးထောင်ခန့် ကို တွေ့ ရှိခဲ့ကြောင်း သိရသည်။
ယင်းနေရာ တွင်ဘောလုံးကန်နေသော ကလေး အချို့မှ ယင်းဝါးခြင်းကိုစတင်တွေ့ ရှိခဲ့ခြင်းဖြစ်ပြီး မြောက်ဦး မြို့နယ် ရှေး ဟောင်းသုတေသနမှတာဝန်ရှိသူများ ကိုကလေးများက အကြောင်းကြား သဖြင့် ရှေးဟောင်း သုတေသန ဌာန မှတာဝန်ရှိသူများက မြောက်ဦးရဲ စခန်းမှ တာဝန်ရှိသူများနှင့် ပူးပေါင်း ရှာဖွေသဖြင့် ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြောက်ဦးမြို့နယ်ရဲ တပ်ဖွဲ့မှူး ရုံးမှ ရဲမှူးမြင့်သောင်းက''မြောက်ဦး မှာမူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေ မရှိသလောက်ပါပဲ။ ဒီလိုပမာဏ အများကြီးမိတာ မြောက်ဦးမှာ ဒါ ပထမဆုံးပဲ။ တရားခံကို အမြန်ဆုံး ဖမ်းဆီးဖို့ဆောင်ရွက်နေပါတယ်'' ဟု ပြောသည်။
ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ် နေသူတစ်ဦးက''ဒီလိုစိတ်ကြွဆေး ပြားတွေအများကြီး ဖမ်းမိတာနဲ့ပတ် သက်ပြီး မြောက်ဦးမှာတော်တော် လေးဂယက်ရိုက်နေတယ်။ မြောက် ဦးမြို့ဆိုတာရှေးဟောင်းဘုရားတွေ အများကြီးရှိတဲ့နေရာပါ။ ဒီလိုအလုပ် မျိုးလုပ်ရဲတဲ့သူတွေရှိတာအံ့သြတယ်။ တစ်စုံတစ်ယောက်က တစ်ချိန်ချိန်မှာ ပြန်ယူဖို့ ဖွက်ထားတဲ့ပုံစံမျိုးဖြစ်နေ တယ်'' ဟုသုံးသပ်ပြောဆိုသည်။
အဆိုပါအမှုကို မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မယ(ပ)၁/၂ဝ၁၄ မူးယစ်ဥပဒေပုဒ်မ-၁၉(က)ဖြင့်အမှု ဖွင့်ကာ စစ်ဆေးနေကြောင်း သိရ သည်။

0 comments:
Post a Comment