သဉ္ဇာနွယ်ဝင်း က မိခင်ဖြစ်သူရဲ့ ဇာတိမွေးရပ်မြေ အင်းလေးမြို့ရှိ ငါးဖယ် ချောင်း ကျေးရွာမှာ တံတားဆောက်လုပ် လှူဒါန်းထားပြီး စက်တင်ဘာလ ၂၅ ရက်နေ့မှာ မိသားစုနဲ့အတူ ရေစက်သွန်းချ လှူဒါန်းသွားမှာဖြစ်ကြောင်း သိရ ပါတယ်။
“သဉ္ဇာတို့ မေမေက အင်းလေးမှာ မွေးတာလေ။ အဲဒီတော့ အင်းလေးမှာ ရွာခံ လူတွေရှိတယ်။ သူတို့က အဲဒီမှာ တံတားတစ်စင်း ဆောက်ဖို့လုပ်ထားတာ ရှိတယ်။ အမေက တံတားဆောက် လှူချင်တယ်။ အဲဒါနဲ့ ရွာက ဘုန်းကြီးတွေကို လျှောက်တယ်။ ဘုန်းဘုန်းတို့ကလည်း ခွင့်ပြုတာနဲ့ သဉ္ဇာတို့ မိသားစုက ဆောက်ပြီး လှူဖြစ်သွားတယ်။ အဲဒီ တံတားက သဉ္ဇာ ဇာတ်ကားရိုက်တဲ့ အနု ပညာ ကြေးတွေနဲ့ လှူဖြစ်တယ်။ တံတားက လွန်ခဲ့တဲ့ တစ်လကျော်လောက်က ဆောက်နေတာပါ။ သဉ္ဇာတို့ စက်တင်ဘာလ ၂၁ ရက်နေ့ မှ အင်းလေးကို သွား မယ်။၂၅ ရက်နေ့မှာ တံတားကို ရေစက်ချ လှူဒါန်းမယ်။ ပြီးရင်ငါးဖယ်ချောင်း ကျေးရွာ ဘုန်းကြီးကျောင်းမှာပဲ သဉ္ဇာတို့ အဘွား လက်ထက်ကတည်းက ကိုးကွယ်တဲ့ ဘုရားကို မိသားစုနဲ့ အတူ ပြန်လည်ပြုပြင် မွမ်းမံဖို့တွေ ပြုလုပ်မယ်”လို့ ပြောပါတယ်။ အနုပညာကြေးတွေနဲ့ ဆောက်လုပ် လှူဒါန်းဖြစ်တာကြောင့် တံတားအမည်ကို မေတ္တာတံတားလို့ အမည်ပေးထားပြီး တံတားအရှည် မှာ ၄၂ ပေ ရှိကြောင်း သဉ္ဇာနွယ်ဝင်း က ဆိုပါတယ်။
Myanmar News Media
0 comments:
Post a Comment