Thursday, September 18, 2014

ဆေးခြောက်သုံးစွဲမှု၊ လက်ဝယ်ထားရှိမှုနဲ့ ဂျက်ကီချန်းရဲ့သားအား ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်ပြီ


ဘေကျင်း ရဲတွေကတော့ ဟောင်ကောင်ရဲ့Martial Arts ရုပ်ရှင်ဇာတ်ကားထဲက နာမည်ကျော်အကျော် အမော် ဂျက်ကီချန်းရဲ့သားကို တခြားသူတွေ မူးယစ်ဆေးဝါးသုံးစွဲမှုခွင့် ပေးထားတယ်ဆိုတဲ့ သံသယကြောင့် အများဆုံးထောင်ဒဏ်(၃) နှစ်ချမှတ်ခံရမယ့် စွပ်စွဲချက်နဲ့ အတူဖမ်းဆီးခဲ့တယ်လို့ အစိုးရရှေ့နေတွေ ကပြောဆိုခဲ့ပါတယ်။
တစ်ပတ်စောပြီး ရဲမှတောင်းဆိုချက်တစ်ရပ်ပြုလုပ်ပြီးတဲ့နောက် သရုပ်ဆောင် Jaycee Chan ကို တရားဝင်ဖမ်းဆီးဖို့ သဘောတူညီချက်ပေးခဲ့တာဖြစ်တယ်လို့ Dongcheng ခရိုင်ရှေ့နေက ပြောဆိုခဲ့ပါတယ်။ အဲဒီသတင်းကို အစိုးရ Sina Weibo microblog မှာလည်း ထုတ်ပြန်ကြေငြာထားပြီးပါပြီ။

Jaycee Chan အသက် (၃၁) ဟာ သူ ထိုင်ဝမ် ရုပ်ရှင်မင်းသာ Ko Kai နဲ့အတူ သြဂုတ် (၁၄) ရက်နေ့မှာ အဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူတို့နှစ်ဦးကို စစ်ဆေးမှုပြုလုပ်ခဲ့အပြီး မူးယစ်ဆေးဝါးသုံးစွဲကြောင်းဝန်ခံခဲ့ တာကြောင့် ရက်အနည်းငယ်ကြာပြီးတဲ့နောက် မူးယစ်ဆေး (၁၀၀) ဂရမ် (၃.၅ အောင်စ) ကို Chan နေအိမ်မှ ထုတ်ယူခဲ့ကြောင်း ရဲကဆိုပါတယ်။

တရုတ်နိုင်ငံမှာ ရဲတွေ သံသယရှိသူကို တရားဝင်းဖမ်းဆီးဖို့ ရှေ့နေတွေဆီကနေ တရားဝင်ခွင့်ပြုချက် လိုအပ်ပါတယ်။ တရားဝင်ဖမ်းဆီးမှုပြုနေစဉ် ရဲမှ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နိုင်ပါတယ်။ ရာဇဝတ်မှုအရ စွပ်စွဲချက်ပြုလုပ်ဖို့ ဆုံးဖြတ်တော့မယ်ဆိုရင် ရုံးတင်စစ်ဆေးမှု ဆက်လက် လုပ်ဆောင် ရမှာဖြစ်တယ်။ တခြားသူကို ကိုယ့်အိမ်ကိုယ်ယာ (သို့) ဟိုတယ်မှာ မူးယစ်ဆေးသုံးစွဲခွင့်ပေးမှုအတွက် အများဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် (၃) နှစ်ဖြစ်ပါတယ်။

Marijiuana သုံးစွဲကြောင်း ဝန်ခံခဲ့ပြီးနောက် အသက် (၃၁) နှစ်ရှိ Ko ဟာလည်း ၁၄ ရက်ကြာ ဖမ်းဆီးမှုခံခဲ့ပါတယ်။

သူလွတ်မြောက်ခြင်းနဲ့ ပတ်သက်လို့ သူ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူ့မိဘတွေက အေးဂျင့်နဲ့ အတူ ရောက်လာပြီး မူးယစ်ဆေးဝါးသုံးစွဲမှုအတွက် တောင်းပန်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ တရုတ်အာဏာပိုင်တွေက မူးယစ်ဆေးတိုက်ဖျက်ရေးသံတမန်လို့ နာမည်ပေးခံရတဲ့ ဂျက်ကီချန်းက သူ့သားမူးယစ်ဆေးဝါးသုံးစွဲခြင်းအတွက် တောင်းပန်ခဲ့ပြီး အခြေအနေ ပြန်လည်ကောင်းမွန် လာအောင် သူနဲ့အတူ ပါဝင်ဆောင်ရွက်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

တရားမဝင် မူးယစ်များ ရှင်းထုတ်ရမှာကြောင်းနဲ့ ပြစ်မှုကျူးလွန်သူတွေကို ပြင်းထန်စွာ အပြစ်ပေး ခံရမှာဖြစ်ကြောင်း သမ္မတ Xi Jinping က ဇွန်လမှာ ကြေငြာချက်ထုတ်ခဲ့ပြီးတဲ့နောက်ပိုင်း မူးယစ်ဆေးသုံးစွဲမှု စွပ်စွဲချက်နဲ့ အနုပညာရှင်တွေ အများအပြား ဖမ်းဆီးခံခဲ့ကြရပါတယ်။

ဘေကျင်းမှာရှိတဲ့ အနုပညာအဖွဲ့အစည်းတွေနဲ့ ရုပ်ရှင်ကုမ္ပဏီတွေက မူးယစ်ဆေးနဲ့ ပတ်သက် ဆက်နွယ်နေကြတဲ့ အနုပညာရှင်တွေကို မငှားဘူးလို့ ကတိပေးခဲ့ကြပြီး ရုပ်ရှင်သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေနဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေက မူးယစ်ဆေး မကြာခဏသုံးစွဲနေတဲ့ အဖွဲ့ဝင်တွေကို ရုပ်ရှင်ထုတ်လုပ်ခြင်းမှ ဖယ်ထုတ် တားဆီးခံရမှာဖြစ်တယ်ဆိုတဲ့ အသိပေးချက်တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။

Source: yahoo

Trend Myanmar

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...