တေးသံရှင်အိမ့်ချစ်ရဲ့ ဒုတိယတစ်ကိုယ်တော်အခွေ ‘အချစ်ရေး’ တေးစီးရီး အမ်တီဗီရိုက်ကူးမှုအနေနဲ့ ၃ ပုဒ်ပြီးစီးသွားပြီဖြစ်ကြောင်း အိမ့်ချစ်က ဆိုပါတယ်။ ဇာတ်လမ်း ပုံစံရိုက်ကူးထားတဲ့ အိမ့်ချစ်က သူ့ရဲ့ ‘အချစ်ရေး’ အမ်တီဗီနဲ့ပတ်သက်ပြီး..
“တစ်ခွေလုံးကြီး ဇာတ်လမ်းတွေရိုက်ရင်လည်း အီသွားမှာစိုးတဲ့ အတွက် တစ်ဝက်လောက်ကို ဇာတ်လမ်းတွေရိုက်မယ်။ ဟိုးအရင် တုန်းက ဆို ဇာတ်လမ်းတွေရိုက် တယ်။ အဲဒီ ကနေမှ ဘယ်ခေတ်ကိုပြန် ရောက်သွားလဲဆိုတော့ အလှလေးတွေနဲ့ ဝုန်းဒိုင်းကြဲပြီး ရိုက်တဲ့ခေတ်ကို ရောက်သွားတယ်။အဲဒီကနေမှ ဒီခေတ်က ဇာတ် လမ်းတွေရိုက်တဲ့ ခေတ်ဖြစ်နေတယ်။ အဲဒီတော့ အိမ့်ချစ်တို့လည်း ခေတ်အရတော့ ဇာတ်လမ်းတွေ ရိုက်ရမှာပေါ့” လို့ ပြောပြီး “၃ ပုဒ်ကတော့ အားလုံးပြီး သွားပြီ။ ကျန်တာတွေကတော့ တန်းလန်းတွေပဲရှိသေးတယ်။ သီချင်း တစ်ပုဒ်က တစ်ရက်တည်း လုံးဝရိုက်လို့မပြီးဘူး။ အဲဒီတော့ လောလော ဆယ်က ၃ ပုံမှာ ပြောရမယ်ဆိုရင် တစ်ပုံခွဲလောက်ပဲပြီးသေးတယ်” လို့ အမ်တီဗီရိုက်ကူးရေး ပြီးစီးမှုအခြေအနေကို အိမ့်ချစ်က ဆိုပါတယ်။ ‘ကမ္ဘာငယ်လေး’ သီချင်း ဆိုလိုက်တာနဲ့ တေးသံရှင်အိမ့်ချစ် နဲ့ နိုင်းဝမ်း ကို ပရိသတ်တွေမြင်ယောင်မိကြမှာပါ။ အိမ့်ချစ်ရဲ့ ‘အချစ်ရေး’ တေး စီးရီးမှာ ပြန်လည်အသုံးပြုထားတဲ့ ‘ကမ္ဘာငယ်လေး’ သီချင်းရဲ့ ကွာခြားမှုတွေကိုလည်း “အိမ့်ချစ် အဲဒီသီချင်းဆိုတုန်းက အသက်ငယ်ငယ်လေးပဲရှိသေး တယ်။အိမ့်ချစ် အခုဆိုထားတဲ့ ဗားရှင်းက အရင်ကတည်းက ရှိတဲ့ဗားရှင်း။ဒါပေမဲ့အဲဒီ တုန်းက အိမ့်ချစ်က ငယ် သေးတဲ့အတွက်ကီးမနိုင် ဘူး။အဲဒီတုန်းက အိမ့်ချစ် ကီးမနိုင်တဲ့အတွက်Chorus ချည်းပဲ ဆိုလိုက်တယ်။ အခု Verse တွေ ဖြုတ်လိုက်တယ်။ အခုကျမှအဲဒါ လေး ကို နှမြော လို့ပြန်ပုံဖော်ပြီး ဆိုလိုက်တာ။အမှန် တကယ်တော့ဒါ အသစ်မဟုတ် ဘူး။ဟိုးအရင်ကတည်း ကအဟောင်းပါ” လို့ အိမ့်ချစ်ကဆိုပါတယ်။
မျိုးမောင်

0 comments:
Post a Comment