Wednesday, September 10, 2014
ရန်ကုန်၊ စက်တင်ဘာ ၈။ လာမည့် အောက်တိုဘာတွင် ဆူဇူကီးဖလား ခြေစစ်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အသင်း အနေဖြင့် ပြိုင်ပွဲမတိုင် မီ နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲခန့် ကစားလိုသည်ဟု မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အေဗရာမိုဗစ်က တောင်း ဆိုခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်း အနေဖြင့် ဆူဇူကီးဖလားခြေစစ်ပွဲတွင် လာအို၊ ကမ္ဘောဒီးယား၊ တီမော၊ ဘရူနိုင်း စသည့် အသင်း များနှင့် ငါးသင်းပတ်လည် ကစား ရမည် ဖြစ်ပြီးအုပ်စုပထမနှင့် ဒုတိယနှစ်သင်း နောက်ဆုံး အဆင့်အုပ်စုပွဲသို့ တက်ရောက် နိုင်မည် ဖြစ်သည်။
“ကျွန်တော်တို့အသင်းမှာ လက်ရှိ လူ အင်အားက အကောင်းဆုံး အနေအထား မှာ ရှိပါတယ်။ လာမယ့် ဆူဇူကီးဖလားမတိုင်ခင်မှာတော့ကစားသမား၃၅ ဦး လောက်ရွေးပြီး လေ့ကျင့်မှု ပြုလုပ်ချင်ပါ တယ်။ ဆူဇူကီးမတိုင်ခင် နိုင်ငံတကာ ခြေ စမ်းပွဲနှစ်ပွဲလောက် ကစားခွင့် ရချင်ပါတယ်။ ဒီခြေစမ်းပွဲမှာ ကစား သမားတွေရဲ့ အနေအထားကိုကြည့်ပြီး အပြီးသတ်ရွေးချယ်လို့ အဆင်ပြေမှာပါ”” ဟု အေဗရာမို ဗစ်က ပြောသည်။
မြန်မာ့လက်ရွေးစင်အသင်းမှာ ဖိလစ် ပိုင်ငြိမ်းချမ်းရေးဖလားပြိုင်ပွဲကို ဆူဇူကီး ခြေစစ်ပွဲအကြို ပြင်ဆင်မှု အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲမတိုင်မီတွင် ဂျေ-လိဂ်ကလပ် ဆီရီဇိုအိုဆာကာ၊ ဗီယက် နမ်လက်ရွေးစင်အသင်းများနှင့် ခြေစမ်းပွဲ များ ကစားခဲ့သည်။
Mizzima
ပုံစာ - မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အေဗရာမိုဗစ်ကို အသင်းခေါင်းဆောင် ခင်မောင်လွင်၊ တိုက်စစ်မှူး ကျော်ကိုကိုတို့နှင့်အတူ တွေ့ ရစဉ်။ ဓာတ်ပုံ - ရဲဟိန်း

0 comments:
Post a Comment