Wednesday, September 10, 2014

ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ် ၃၀တွင် ရေကြီးမှုများဖြစ်ပေါ်နေ


ထိုင်းနိုင်ငံတွင် မြစ်ရေကြီးမှုများ အဆက်မပြတ်ဖြစ်ပေါ်နေပြီး ယခုအခါတွင် နိုင်ငံမြောက်ပိုင်း ပြည်နယ် ၃၀ နီးပါးတွင် မိုးသည်းထန်စွာ ရွာသွန်း မှုများနှင့် မြစ်ရေကြီးမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြစ်ရေကြီးမှုကြောင့် လူ ၁၀ ဦးသေဆုံးခဲ့ရပြီး နေထိုင်သူအများအပြားလည်း လာမည့်ရက်များတွင် ဖြစ်ပေါ် လာမည့် ပိုမိုအန္တရယ် ရှိသော ရေလွှမ်းမိုးမှုများကို ရှောင်ရှားရန် အသင့်အနေအထား တွင် ရှိနေကြသည်။

ယခုနှစ်မိုးရာသီတွင် ဘန်ကောက်မြို့တော်သည် ရေကြီးမှုမဖြစ်ပေါ်ခဲ့သော်လည်း ချော်ဖယား မြစ်တစ်လျှောက်နေထိုင်သူများသည် မြစ်နှင့် တူးမြောင်းမှ မြင့်တက်လာသော မြစ်ရေများကြောင့် မြစ်ရေကြီးမှု ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိနေကြသည်။

ဖြစ်ပေါ်လာနိုင်ချေရှိသည့် မြစ်ရေကြီးမှုများအတွက် ထိုင်းအာဏာပိုင်များက ကြိုတင်သတိပေးချက်များ ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြစ်ရေကြီးမှုများသည် ယခုနှစ်အတွင်း မြို့တော်ဘန်ကောက်အထိ ရောက်ရှိလာနိုင်ချေရှိသည်။

လွန်ခဲ့သော သတင်းပတ်ကစ၍ ထိုင်းနိုင်ငံ မြောက်ပိုင်း ပြည်နယ် ၂၈ ခုတွင် မြစ်ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၁၄၀၀၀ ကျော် ဒုက္ခရောက်ခဲ့ကြသည်။

ချောင်ဖယား ရေကာတာရှိ မြစ်ရေများ မြင့်တက်လာပြီး မြောက်ပိုင်း တောင်ကုန်းနှင့် ဟင်းလင်းပြင် အလယ်ကြားရှိ အဓိကရေတံခါး သည်လည်း အလွန်စိုးရိမ်ဖွယ် အနေအထား တွင် ရှိနေကြောင်း အာဏာပိုင် များက ပြောကြားထားသည်။

နိုင်ငံအတွင်း ရေလွှမ်းမိုးမှုမှ ကာကွယ်ရန် အကာအကွယ်များနှင့် အခြားပြင်ဆင်မှုများကို ပြုလုပ်ထားပြီး အာဏာပိုင်များကလည်း ၂၀၁၁ ခုနှစ်က မြို့တော်တွင် ဖြစ်ပွားခဲ့သည့် မြစ်ရေလျှံမှုအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ပွားရန် လုပ်ဆောင်လျက်ရှိသည်။

တစ်ချိန်တည်းတွင် ထိုင်းအာဏာပိုင်များက မဲခေါင် မြစ်တွင် မြစ်ရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးမှုများ ပြုလုပ်ထားသည်။ ယခုလို
မြစ်ရေလျံမှုများဖြစ်ပေါ်နေရခြင်းသည် တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ဒေသရှိ ကျန်းဟုန် ရေကာတာ မှ ရေများဖွင့်ချလိုက်သောကြောင့် ဖြစ်သည်။

Ref:AFP
Mizzima

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...