Friday, September 12, 2014

ဇာတ်ရွေးပြီးရိုက်နေတယ်ဆိုတဲ့ လူကြီးခန်းရောက် ခင်ဇာခြည်ကျော်


သရုပ်ဆောင်သက် ၂၀ကျော်လာသောကြောင့် လူ ကြီးခန်းများကိုသာ ရိုက်ကူးရ သော်လည်း လုပ်ကွက်ရသည့် ဇာတ်ကောင်စရိုက်ကို ရွေးချယ်ရိုက်ကူးဖြစ်ကြောင်း ခင်ဇာခြည်ကျော်ကပြောသည်။
‘‘ဇာတ်ကားတွေမှာ ပါရပြီး ရောဆိုပြီးတော့ မရိုက်ပါဘူး။ အမေနေရာမှာပဲဖြစ်ဖြစ်၊ အစ်မ နေရာမှာပဲဖြစ်ဖြစ် ကိုယ့်အတွက် လုပ်ဆောင်ချက်လည်း ရှိမယ်။ အခန်းလည်းများမယ်ဆိုရင် လက်ခံပြီး ရိုက်ကူးဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။
အသက် (၁၅) နှစ်အရွယ် ကတည်းက အနုပညာလောက သို့ ၀င်ရောက်ခဲ့၍ အနုပညာလုပ်သက် ၂၂ ခန့်ရှိပြီဖြစ်ကာ လက်ရှိအချိန်တွင် များသောအားဖြင့် အမေ၊ အဒေါ် စသည့်ကာရိုက်တာများကို ရိုက်ကူးရကြောင်း ခင်ဇာခြည်ကျော်က ပြောသည်။
ထို့ပြင် ကိုယ်တိုင် ထုတ်လုပ် ခဲ့ကာ အကယ်ဒမီဆုလည်း ရရှိခဲ့ သည့် ‘‘ငါ သူတစ်ပါး ယောက်ျား မိန်းမ’’ ရုပ်ရှင်ကဲ့သို့ ဇာတ်ကား ရိုက်ကူးချင်သော်လည်း အချိန် ၂ နှစ်ကျော်စောင့်၍ ရုံတင်ရ သည့် စနစ်နှင့် ရုံတင်ပြသသည့် ရုပ်ရှင်ရုံအရေအတွက် အလွန် နည်းသောကြောင့် အချိန်တစ်ခု ကို စောင့်နေကြောင်း ၎င်းက ဆို သည်။
‘‘အဲဒီကားက အနုပညာအရ ရော ငွေကြေးအရရော အောင် မြင်ခဲ့တယ်။ ပရိသတ်ကိုလည်း မက်ဆေ့ခ်ျပေးနိုင်ခဲ့တယ်။ အကယ်ဒမီလည်း ခုနစ်ဆု ရခဲ့တာ ဆိုတော့ ထုတ်ရကျိုးနပ်ခဲ့တယ်။ အဲဒါကြောင့် နောက်ရိုက်မယ့် ကားကလည်း ဒီကားကို မမီရင် တောင် အဲဒီကားလောက် အောင် မြင်အောင် ရိုက်ချင်တယ်’’ ဟု ၎င်းက ပြောသည်။
ထို့ပြင် ဂီတဘက်တွင်လည်း တစ်ကိုယ်တော်ခွေ တစ်ခွေ စတင် စီစဉ်နေပြီး ပထမတစ်ကိုယ်တော် ခွေ မအောင်မြင်ခဲ့သော်လည်း ယခု တစ်ကိုယ်တော်ခွေကို ပရိ သတ်များ အသိအမှတ်ပြုခံရရန် ကြိုးစားနေကြောင်း ခင်ဇာခြည် ကျော်က ဆိုသည်။
‘‘ပထမတစ်ကိုယ်တော်ခွေ ကို ၉၉ မှာ ထုတ်ခဲ့တယ်။ လော လောလောလော လုပ်ခဲ့ရတာဆို တော့ အောင်မြင်မှု မရခဲ့ဘူး။ အဲ ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ ပေါက်မသွားရင်တောင် ပရိသတ် တွေက ခင်ဇာခြည်ကျော် သီချင်း ဆိုတတ်ပါလားဆိုပြီး အသိအမှတ် ပြုခံရအောင် လုပ်ပြချင်တယ်’’ ဟု ၎င်းက ပြောသည်။
သို့သော်လည်း လက်ရှိအ ချိန်အထိ သီချင်းရွေးချယ်ဆဲသာ ရှိပြီး ၂၀၁၅ ခုနှစ်အတွင်း ထွက်ရှိနိုင်ရန် ကြိုးစားသွားမည်ဟု ဆိုသည်။
သရုပ်ဆောင်အနေဖြင့် ဒါရိုက်တာ ပန်းချီစိုးမိုးရိုက်ကူးသည့် ကွမ်းလုံ ရက် ၄၀ ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ရန် အစီအစဉ် ရှိသလို အခြားရုပ်သံဇာတ်လမ်း တွဲများတွင်လည်း ပါဝင်ရိုက်ကူး ရန် ကမ်းလှမ်းမှုများရှိကြောင်း ခင်ဇာခြည်ကျော်က ပြောသည်။
by 7 day

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...