Tuesday, September 9, 2014

ကမ္ဘာ့အဝဆုံး ကြောင်


အမေရိကန်ပြည်ထောင်စုမှာ ထပ်မံ မြင်တွေ့ရတဲ့ နောက်ထပ် ကမ္ဘာ့ အဝဆုံး ကြောင် တစ်ကောင် ဖြစ်ပါတယ်။ Meatball လို့ အမည်ပေးထားပြီး အလေးချိန်အားဖြင့် ၂.၅ အောင်စ (၃၅ ပေါင်) ရှိပါတယ်။ ဒါကြောင့်မို့ သူဟာ လက်ရှိမှာ အဝဆုံး ကြောင် အဖြစ် မှတ်တမ်းတင်သွား ပါတယ်။

သူ့ကို ဝလွန်းလို့ ပထမပိုင်ရှင်က ဒုတိယ ပိုင်ရှင် တစ်ဦးထံသို့ ရောင်းချပြီး ၆ လ မွေးပြီးသွားတဲ့ အချိန်မှာ အိမ်တွင်းမှာ သူ့ကြောင့် အက်ဆီးဒန့်ဖြစ်တယ်ဆိုပြီး ဒေသခံ အိမ်မွေး တိရစ္ဆာန် စောင့်ရှောင့်ရေး ဌာန တစ်ခုကို ပို့လိုက် ပါတယ်။ ယခုတော့ ယင်း စင်တာ မှာပဲ နေထိုင် နေပါတယ်။ အဝလွန်ခြင်းကြောင့် သူ့ရဲ့ မျက်လုံး တစ်ဖက်တောင် တိမ်ဖုံးတဲ့ အထိ ဖြစ်သွား ပါတယ်။ သူ့ကို မွေးခဲ့တဲ့ သခင်များကလည်း ကြောင်စာ များကို မကျွေးပဲ ပန်းသီးယို ကို ပိုမို ကျွေးခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ Meatball ဟာ ကြောင်စာ ကျွေးရင် မစားပဲ ပန်းသီးယို ကျတော့ အငန်းမရ စားသုံး တာကို တွေ့မြင်ခဲ့ကြ ပါတယ်။

သူ့ရဲ့ အလေးချိန်က ၃၅ ပေါင် ရှိပေမယ့် ယခုထိတော့ လမ်းလျှောက်နေဆဲ ပါပဲ။ သိပ်အများကြီးတော့ မလျှောက်နိုင်ပဲ ၂ လမ်း၊ ၃ လမ်းပြီးရင် နားတတ် ပါတယ်။ သူ့ဆီလာတဲ့ လူတွေကိုလည်း ပက်လက်လှံပေးပြီး ရင်ဘတ်ကို ပွတ်သတ် တာကို နှစ်သက်သူ ဖြစ်ပါတယ်။ Meatball ကို ဝိတ်ချဖို့ အတွက် ကြိုးစားပေးလျက် ရှိကြကြောင်း သိရ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...