Tuesday, September 9, 2014

အိမ်ထောင်မပြု၊ အိပ်ရေးဝလို့ အသက်အရှည်ဆုံး ဖြစ်သတဲ့


ပုံမှာ မြင်တွေ့နေရတဲ့ အဖွားအိုဟာ အသက် ၁၂၇ နှစ် ရှိပြီ ဖြစ်ပြီး ကမ္ဘာ့ အသက်အရှည်ဆုံး အမျိုးသမီး အဖြစ် စံချိန်တင်လုက်ပြန်ပါတယ်။ သူမ အမည် ကတော Leandra ဖြစ်ပြီး မက္ကဆီကို နိုင်ငံသူ ဖြစ်ပါတယ်။ ပထမ ကမ္ဘာစစ် တုန်းက သူမဟာ အသက် ၂၇ နှစ်သာ ရှိသေးပြီး စစ်ပွဲပေါင်း များစွာ၊ တိုးတက်ပြောင်းလဲမှုပေါင်း များစွာကို ရင်ဆိုင် ကျော်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ 

သူမရဲ့ မှတ်ပုံတင်ကိုတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် လေးဆယ်လောက် ကတည်းက ပျောက်ဆုံးခဲ့တာပါ။ ဒါကြောင့်မို့ တရားဝင် စံချိန်တင်ဖို့တော့ ခက်ခဲနေလေရဲ့။ ဗြိတိန်မှာ ဘုရင်မ Elizabeth II သရဖူဆောင်းချန် သူမဟာ အသက် ၆၆ နှစ်ရှိပြီ ဖြစ်ပြီး ထောင်မှာပါ။ ကမ္ဘာမှ လူသား တစ်ဦး လကမ္ဘာပေါ် ခြေချချိန်မှာ သူမဟာ အသက် ၈၂ နှစ် ရှိပါပြီ။ 

အခုလို အသက်ရှည်ရတဲ့ လျှို့ဝှက်ချက်ဟာ ဘာလဲလို့ မေးတော့ သူမ ဖြေပါတယ်။ တစ်သက်လုံး အိမ်ထောင်ပြုခြင်း မရှိပဲ အိပ်ရေးကိုလည်း ဝဝလင်လင် အိပ်စက်ခြင်းကြောင့် ဖြစ်ကြောင်း ဆိုပါတယ်။ အိပ်ရေး ဝဝလင်လင် အိပ်တာ ကတော့ အသက်ရှည်စေတာ သေချာပေမယ့် အိမ်ထောင် ပြုခြင်း မပြုခြင်းက အသက်ရှည်မရှည်တော့ စဉ်းစားစရာပါ။ အသက် ၁၂၇ နှစ်ရှိပြီ ဖြစ်တဲ့ Leandra အမည်ရ အမျိုးသမီး ကတော့ ယနေ့တိုင် အသက်ရှင်နေတာဟာ အိမ်ထောင်မရှိတာကြောင့်လည်း ဖြစ်ကြောင်း ဆိုပါတယ်။ 

Ref: Televisa
အောင်ခမ်း (ရိုးရာလေး)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...