Tuesday, September 9, 2014

နာမည်ကြီး ကေပေါ့ပ်အဆိုတော် ယာဉ်မတော်တဆဖြစ်ပြီး သေဆုံး


ဆိုးလ် စက်တင်ဘာ ၈

တောင်ကိုရီးယားနာမည်ကြီး Ladies Code ပေါ့ပ်အဖွဲ့မှ ဒုတိယအဖွဲ့ဝင် တစ်ဦးသည် ဆိုးလ်မြို့အနီး မော်တော်ကားဖြင့် ခရီးသွားစဉ် ယာဉ်မတော် တဆဖြစ်ပြီး လေးရက်အကြာတွင် သေဆုံးသွားခဲ့သည်။ 

ရိုက်စ် (Rise) ဟု လူသိများကျော်ကြားသည့် အသက် ၂၃ နှစ်အရွယ် ကွမ်ရီဆေးသည် တနင်္ဂနွေနေ့က ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သည်။ 

၎င်းသည် ဗုဒ္ဓဟူးနေ့က အဆိုပါယာဉ်မတော်တဆမှုဖြစ်ပွားပြီး အရေး ပေါ်ဦးနှောက်ခွဲစိတ်မှုခံယူစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပိုလာရစ်ဖျော်ဖြေ ရေးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ 

၎င်းသေဆုံးမှုသည် EunB ဟုလူသိများသည့် အသက် ၂၄ နှစ်ရှိ ဂိုအွန်ဘီယာဉ်မတော်တဆမှုကြောင့် သေဆုံးပြီးနောက် သေဆုံးခဲ့ခြင်းလည်း ဖြစ်သည်။ 

အဖွဲ့ဝင်ငါးဦးပါဝင်သည့် အဆိုပါ ပေါ့ပ်အဖွဲ့သည် ၂ဝ၁၃ ခုနှစ်က ပရိသတ်များအကြား ရေပန်းစားပေါ်ထွက်လာပြီး လွန်ခဲ့သည့်လက Kiss Kiss အမည်ရှိ တေးအယ်လ်ဘမ်ထွက်ခဲ့သည်။

အဆိုပါ Ladies Code အဖွဲ့ဝင်ထဲမှ တစ်ဦးသည် မေးရိုးအက်သွားခဲ့ပြီး အခြားဒဏ်ရာငယ်နှစ်ခုလည်းရခဲ့၍ ဆေးရုံ၌ တက်ရောက်ကုသနေရသည်။ ယင်းပေါ့ပ်အဖွဲ့သည် ဒေဂူးမြို့အရှေ့တောင်ပိုင်း၌ ရုပ်မြင်သံကြားဇာတ်လမ်းတွဲ ရိုက်ကူးအပြီး မြို့တော်ဆိုးလ်သို့အပြန် ယာဉ်မတော်တဆဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့စုံစမ်းရေးမှူး လီဟိုဒေါင်က အေပီသို့ ပြောသည်။ 
(ဘီဘီစီ)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...