Wednesday, September 17, 2014

အနက်ရောင် မိုးမျှော်ဖား


တောင်အာဖရိက တိုက်က နိုင်ငံများမှာသာ မြင်တွေ့ရလေ့ ရှိတဲ့ ဖား တစ်မျိုး ဖြစ်ပြီး သူ့ရဲ့ အင်္ဂလိပ် အမည် ကတော့ Black rain frog ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ သလိုပဲ အသွင်အပြင် အားဖြင့် အခြား သာမန် ဖားများနဲ့ မတူပဲ မဲနက်လို့ လုံးနေ ပါတယ်။ 
သူတို့ကိုလည်း သာမန် အခြေအနေမှာ မြင်တွေ့ ရခဲ ပါတယ်။ မြေအောက်၊ တွင်းအောက် မှာ အနေများပြီး အပြင်ထွက်ရင်တောင် သစ်ပင် သစ်ရွက် ဖုံးအုပ် နေတဲ့ ကြားတွေထဲမှာပဲ သွားလာ ပါတယ်။ သူဟာ ကမ္ဘာပေါ်မှာ မျိုးစိတ် ငါးမျိုးသာ ရှိတဲ့ Brevicipitidae ဖားမျိုးထဲက တစ်မျိုး ဖြစ်ပြီး ရှားပါး ဖားလည်း ဖြစ်ပါတယ်။ အပူပိုင်း သစ်တော တို့မှာ မှာ ရှင်သန် ကျက်စားတဲ့ ဖားမျိုး ဖြစ်ပါတယ်။ 

Black rain frog လို့ အမည်ပေးထားတဲ့ ယင်းဖား များဟာ မျိုးစိတ် ပျက်သုန်းတော့မှ ဖြစ်တဲ့ ဖားမျိုးစိတ် ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...