Wednesday, September 17, 2014

ဖေ့စ်ဘုတ်ထဲက like အများဆုံး ရတဲ့သူနဲ့ Share အများဆုံး လုပ်တဲ့သူတွေကို ဆုချီးမြှင့်မယ့် စမိုင်းရဲ့ ပရိုမိုးရှင်း အစီအစဉ်တစ်ခု


လူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်တဲ့ ဖေ့စ်ဘုတ်ထဲမှာ Like အများဆုံး ရတဲ့သူနဲ့ Share အများဆုံး လုပ်တဲ့သူတွေကို ဆုချီးမြှင့်မယ့် အစီအစဉ်တစ်ခု လုပ်မယ်လို့ သရုပ်ဆောင်၊ အဆိုတော် စမိုင်း က ပြောပါတယ်။ စမိုင်းရဲ့ Make Up Store ပစ္စည်းတချို့ကို ကြော်ငြာတဲ့ သဘောရယ်၊ တွင်တွင်ကျယ်ကျယ် ဖြစ်လာစေချင် တာရယ်ကြောင့် အခုလို လုပ်ဖို့ ဖြစ်သွားတာလို့လည်း ပြောပါတယ်။
“ဒီအစီအစဉ်ကို သြဂုတ်လကုန်၊ စက်တင်ဘာ အစပိုင်းလောက်ဆို စမယ်။ အဓိကကတော့ ဖေ့စ်ဘုတ်ထဲကနေ Like အများဆုံးရတဲ့သူ၊ Share အများဆုံး လုပ်တဲ့သူကို ချီးမြှင့်မယ့် အစီအစဉ်ပါ။ အစ်မတို့ Make up store ဆိုင်က ပစ္စည်း တစ်ခုခုကိုဝယ်ပြီး အဲဒီပစ္စည်းနဲ့အတူ အလှဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘုတ်ပေါ်မှာ တင်ရမှာပေါ့။

ဒါကို ဖေ့စ်ဘုတ်ပေါ်မှာပဲ ကြေညာပေးမယ်။ ပထမ၊ ဒုတိယ၊ တတိယ ရရှိတဲ့သူ တွေကို Make Up Store က ထပ်လောင်းပစ္စည်းဝယ်ခွင့်တွေ လုပ်ပေးသွားမယ့် အပြင် ပထမဆု ရရှိသွားတဲ့သူနဲ့ နောက်ပိုင်းမှာ Make Up Store နဲ့တွဲပြီး ကြော်ငြာပေးသွားဖို့အထိ စီစဉ်ထားတယ်” လို့ စမိုင်း က ပြောပါတယ်။ အပြင်မှာ ပေါက်သလိုမျိုး အွန်လိုင်းမှာလည်း ပေါက်စေချင်တာကြောင့် အခုလို စီစဉ် လိုက်ရခြင်းဖြစ်ကြောင်း၊ ကိုယ်တိုင်ကိုယ်ကျ နှိုက်နှိုက်ချွတ်ချွတ် မလုပ်နိုင်သော ကြောင့် Aroma နဲ့ပူးပေါင်းပြီး လုပ်ဆောင်သွားမည့် အကြောင်းလည်း ပြောပါ တယ်။ 

အဲဒီအစီအစဉ်ကို ဓမ္မစေတီလမ်းမှာရှိတဲ့ Make Up Store ဆိုင်မှာ ပြုလုပ်မှာ ဖြစ်ပြီး ပထမဆုကို ငွေကျပ် ၁ဝ သိန်း၊ ဒုတိယဆုကို ငွေကျပ် ၅ သိန်းနဲ့ တတိယ ဆုကို ငွေကျပ် ၂ သိန်းကျပ် ချီးမြှင့်ပေးမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ ဒါ့အပြင်လာမယ့် စက်တင်ဘာမှာ နိုင်ငံတကာကို ဆက်သွယ်ပြောကြားနိုင်တဲ့ Y-talk ငွေဖြည့်ကတ် စနစ်ကို ဖျက်သိမ်းပြီးတော့ လိုသလောက် ငွေဖြည့်အသုံး ပြုနိုင်မယ့်စနစ်ကိုလည်း ပြုလုပ်ပေးတော့မယ်လို့ ပြောပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...